ဦးကြင်သိန်း(ပဲခူး မဲဆန္ဒနယ်)

အမည်

ဦးကြင်သိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ပခန (နိုင်) ၁၈၇၅၆၀

မွေးသက္ကရာဇ်/အသက်

၂၉-၈-၁၉၄၁/(၆၉) နှစ်

မွေးဖွားရာဇာတိ

သရက်ကုန်းကျေးရွာ၊ ပဲခူးမြို့

ပညာအရည်အချင်း

B.Sc, Dip.Ed

လက်ရှိအလုပ်အကိုင်

အ. ထ. က (၃)၊ ပဲခူးကျောင်းအုပ်ဆရာကြီး (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစစ်ဟူ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နှင်းညွန့် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မေပြုံးဇင်၊ ၇/ပခန (နိုင်) ၀၅၂၁၁၈၊ အထက်တန်းပြ (ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကျော်သီဟ၊ ၇/ပခန (နိုင်) ၀၀၃၀၃၄၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ SAE
(၂) မဇာလီဇင်သိန်း၊ ၇/ပခန (နိုင်) ၁၈၅၆၄၄၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ SAE

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၄၇)၊ ဆေးရုံဟောင်းလမ်း၊ သွန်းဘုရားကုန်းရပ်ကွက်၊ ပဲခူးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ပဲခူးမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

-ငယ်စဉ်က ဦးဘိုးနှင်း မူလတန်းကျောင်း၊ ညောင်ဝိုင်းရပ်ကွက်၊ ပဲခူးမြို့နှင့် အမျိုးသားတန်းမြင့်ကျောင်း [ယခု အ-ထ-က (၃)]၊ ပဲခူးမြို့တို့တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ B.Sc, Dip.Ed ဘွဲ့ရရှိခဲ့သည်။ အလယ်တန်းပြဆရာအဖြစ် အ-ထ-က (၃) ပဲခူးမြို့တွင် ၇-၁-၆၆ မှ ၁၅-၁၁-၇၆ အထိလည်းကောင်း၊ အထက်တန်းပြဆရာအဖြစ် အ-ထ-က (၃) ပဲခူးမြို့တွင် ၁၆-၁၁-၆၆ မှ ၁၈-၇-၈၁ အထိလည်းကောင်း၊ အလယ်တန်းကျောင်းအုပ်အဖြစ် အ-လ-က (ဓမငယ်)၊ နတ်တလင်းမြို့နှင့် အ-လ-က (ဖလေး)၊ ကဝမြို့တို့တွင် ၂၀-၇-၈၁ မှ ၅-၇-၉၁ အထိလည်းကောင်း၊ အလယ်တန်းကျောင်းအုပ်အဖြစ် အ-လ-က(၅) ပဲခူးမြို့တွင် ၆-၇-၉၁ မှ ၁၃-၁၀-၉၄ အထိလည်းကောင်း၊ မြို့နယ်ပညာရေးမှူးအဖြစ် တောင်ငူမြို့တွင် ၈-၇-၉၆ မှ ၂၉-၅-၉၈ အထိလည်းကောင်း၊ အထက်တန်းကျောင်းအုပ်အဖြစ် အ-ထ-က (၃) ၊ ပဲခူးမြို့တွင် ၃၀-၅-၉၈ မှ ၂၉-၈-၂၀၀၃ အထိလည်းကောင်း ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်း တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်အဖြစ် အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တက်ရောက်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးတွင် ပဲခူးတိုင်း (အရှေ့) အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပဲခူးတိုင်းကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၉၃၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် (၂၀၀၀)၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် (၂၀၀၁) နှင့် စီမံထူးချွန် (တတိယအဆင့်) (၂၀၀၂) တို့ရရှိခဲ့သည်"