|
အမည် |
ဦးဌေးဦး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/ကထန(နိုင်)ဝဝ၉၃၂၅ |
|
မွေးသက္ကရာဇ်/အသက် |
၂၀-၁-၁၉၅၀/(၆၀) နှစ် |
|
မွေးဖွားရာဇာတိ |
ဟင်္သာတမြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့(ရူပဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဗိုလ်ကြီးကျော်စိန် (ငြိမ်း) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှလှ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နီနီဝင်း၊ ၁၀/ ကထန(နိုင်) ၀၀၉၃၂၆၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဗိုလ်ကြီးသိန်းဇော်ညို၊ ၁/မကတ(နိုင်) ၀၇၁၅၁၀၊ ရေတပ်ဗျူဟာ စစ်ရေယာဉ်စု(၁) |
|
အမြဲတမ်းနေရပ်လိပ်စာ |
အကွက်အမှတ်(၁၀၇၇)၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဟင်္သာတမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အထက်တန်းပညာကို ဟင်္သာတမြို့၊ ရွှေကျင်မြို့၊ ကျုံပျော်မြို့တို့တွင် သင်ကြားခဲ့သည်။ တောင်ကြီးကောလိပ်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှင့် ဗိုလ်လောင်းသင်တန်း အမှတ်(၄၃)တို့ကို တက် ရောက်ခဲ့သည်။ အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်း(၁၉၇၂-၁၉၇၆)၊ အမှတ်(၇၅)ခြေလျင်တပ်ရင်း(၁၉၇၆-၁၉၈၁)နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(၁၉၈၁-၁၉၈၅)တို့တွင် ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ အမှတ်(၂)ခြေလျင်တပ် ရင်း ( ၁၉၈၅ ) ၊ အမှတ်( ၃၃ ) ခြေလျင်တပ်ရင်း (၁၉၈၅-၁၉၈၈)နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (၁၉၈၈-၁၉၉၁)တို့တွင် ဗိုလ်မှူးအဖြစ်လည်းကောင်း၊ အမှတ်(၉၆)ခြေလျင်တပ်ရင်း (၁၉၉၀-၁၉၉၁)၊ အမှတ် (၁၀၂) ခြေမြန်တပ်ရင်း(၁၉၉၁-၁၉၉၄)၊ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် (၁၉၉၄-၁၉၉၅)နှင့် အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၉၉၅-၁၉၉၆)တွင် နည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးဖြစ်လည်းကောင်း၊ ၁၉၉၆-၁၉၉၈တွင် အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ၂၀၀၁ ခုနှစ်အထိ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ၂၀၀၃ ခုနှစ်အထိ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ၂၀၀၄ ခုနှစ်အထိတွင် သမဝါယမဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှယနေ့အထိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ မြန်မာ့ဆိုရှယ်လမ်းစဥ်ပါတီ၏ ပါတီဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင်ဖွံ့ဖြိုးအသင်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေး ချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/မဲသဝေါတိုက်ပွဲဝင်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်(ပ)၊ တပ်မတော်ဂုဏ်ထူးဆောင်အမှုထမ်းတံဆိပ်(ဒု) ၊ စစ်မှုထမ်းသက်တံဆိပ်၊ နိုင်ငံ့အကျိုး ဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်(၁၉၆၂-၁၉၇၄)၊ စစ်ပွဲတံဆိပ်(၁၉၇၄-၁၉၈၈)၊ စစ်ပွဲတံဆိပ်(၁၉၈၈-၁၉၉၀)၊ စစ်ဦးစီး တက္ကသိုလ်သင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊ စစ်မှု ထမ်းကောင်းတံဆိပ်နှင့် သင်္ဂဟတံဆိပ် (၂၀၀၈)တို့ကို ရရှိခဲ့သည်။ |
