ဦးလှမြင့်( ပုလောမဲဆန္ဒနယ်)

အမည်

ဦးလှမြင့်

အခြားအမည်

ဦးမောင်လှ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဗဟန(နိုင်)၀၅၁၀၆၃

မွေးသက္ကရာဇ်/အသက်

၂၁-၆-၁၉၆၄/(၆၄) နှစ်

မွေးဖွားရာဇာတိ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ

ပညာအရည်အချင်း

တန်းမြင့်ကျောင်းထွက်အောင်(၁၉၆၂)

လက်ရှိအလုပ်အကိုင်

ဥက္ကဋ္ဌ၊ တနင်္သရီတိုင်းရေလုပ်ငန်း ကုမ္ပဏီလီမိတက်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကြည်စိန် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ယဉ်ကြည် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရှုလှိုင်၊ ၁၂/ဗဟန(နိုင်) ၀၇၉၄၉၆၊ ရောင်း/ ဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်သန်းထိုက်ဦး၊ ၈/ကမန(နိုင်)၀၅၀၇၅၀၊ ရေလုပ်ငန်း၊
(၂) မဇင်နွယ်လှိုင်၊ ၁၂/ဗဟန(နိုင်) ၀၇၉၄၉၇၊ ရတနာရောင်းဝယ်ရေး၊
(၃) မဇင်မာ၊ ၁၂/ဗဟန(နိုင်) ၀၅၁၇၈၉၊ ရတနာဆိုင်၊ မြိတ်မြို့၊
(၄) မောင်သန့်ဇော်၊ ၆/ပလန(နိုင်)၀၀၀၈၇၄၊အထည်ချုပ်လုပ်ငန်း၊
(၅)မအိအိမျိုး၊ ၆/ပလန(နိုင်)၀၀၀၈၇၅၊ရတနာဆိုင်၊ ဗိုလ်ချုပ်ဈေး

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၃၅)၊ တော်ဝင်ရိပ်သာလမ်း၊ ရေတာရှည်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ပုလောမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အ-မ-က ကျောက္ကာ (ပုလော)နှင့် အ-မ-က စျေးတန်း (မြိတ်) မြို့တို့၌ မူလတန်းပညာကို သင်ကြားခဲ့သည်။ မြိတ် အ-ထ-က (၂)နှင့် မြိတ်မြို့၊ ကံခေါင်းရပ် ဗဟိုအလွတ်ပညာသင်ကျောင်းတို့၌ အထက်တန်းပညာကို သင်ကြားခဲ့သည်။ တနင်္သာရီတိုင်း ရေလုပ်ငန်းကုမ္ပဏီ (TFC)၊ နိုင်နိုင်အောင်ကုမ္ပဏီ လီမိတက်နှင့် အပြည်ပြည်ဆိုင်ရာရေ လုပ်ငန်းကုမ္ပဏီ လီမိတက်တို့တွင် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်လီမိတက်တွင်လည်း ဒါရိုက်တာအဖြစ် ဆောင်ရွက် ခဲ့သည်။ ကျောက္ကာရွာတွင် ရပ်ကွက်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဥက္ကဋ္ဌ၊ ပုလော မြို့နယ်တွင် မြို့နယ်ပြည်သူ့ကောင်စီဝင်၊ သဘာပတိ အဖွဲ့ဝင်၊ အမျိုးသားညီလာခံ တိုင်းရင်းသားလူမျိုးစု အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက် ခဲ့သည်။ ပြည်လုံးကျွတ်ဆန္ဒမဲခံယူပွဲ ကျင်းပရေး ကော်မရှင်အဖြစ် နေပြည်တော်တွင် ဆောင်ရွက်ခဲ့ သည်။

၂၀၀၂ ခုနှစ်တွင် သုဓမ္မမဏိဇောတဓရနှင့် ၂၀၀၅ ခုနှစ်တွင် သီရိသုဓမ္မမဏိဇောတဓရဘွဲ့များ ရရှိခဲ့သည်။