|
အမည် |
ဦးတင်ထွတ် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၃/ဘအန(နိုင်)ဝ၁၀၀၄၆ |
|
မွေးသက္ကရာဇ်/အသက် |
၁၇-၁-၁၉၄၂/(၆၈) နှစ် |
|
မွေးဖွားရာဇာတိ |
ကျုံရှကျေးရွာ၊ ဇလွန်မြို့နယ် |
|
ပညာအရည်အချင်း |
ဝိဇ္ဇာတန်း |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကုလားကြီး၊ DNU-၀၅၁၈၃၆ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မယ်ဟန်၊ DNU-၀၅၁၈၃၇ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်တင်ညွန့်၊ ကျောင်းဆရာမ၊ အထက်တန်းပြ (ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အကွက်အမှတ်(၁၁၀၁)၊ ဥတ္တရတောင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဇလွန်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို ၁၉၄၈ တွင် အ-မ-က ကျုံရှ၊ ၁၉၅၁-၁၉၅၈ တွင် အ-ထ-က ဟင်္သာတတို့၌ သင်ယူခဲ့သည်။ ၁၉၅၂-၆၂ တွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာတန်း (ဒုတိယနှစ်)၊ ၁၉၆၃ ခုနှစ်၌ ဗိုလ်လောင် သင်တန်းအမှတ်စဥ် (၂၉)တို့တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ ခ-လ-ရ (၅၁)တွင်ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်များဖြင့် (ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်) တို့တွင်လည်းကောင်း၊ တမခ(၂၂) တွင် ဒုတပ်မမှူး တာဝန်/တမခ(၃၃)တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မမှူးတာဝန် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးတာဝန် နှင့် ရှမ်းပြည် နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ မှ ၂၀၀၆ ခုနှစ်အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ယနေ့အထိ သမဝါယမဝန်ကြီးအဖြစ် တာဝန်များ ထမ်းဆောင် လျက်ရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ဗဟိုအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး လူမှုရေး လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ စစ်ပွဲတံဆိပ်များ ၊ စစ်မှုထမ်းကောင်းတံဆိပ် ၊ သင်္ဂဟတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ |
