ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်)

အမည်

ဦးဘရှိန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ရခိုင်/ဗုဒ္ဓဘာသာ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၁/ကဖန(နိုင်)၀၀၇၃၂၃

မွေးသက္ကရာဇ်/အသက်

၂၂-၈-၁၉၄၆/(၆၄)နှစ်

မွေးဖွားရာဇာတိ

ကင်းပင်လယ်နားရွာ၊ ကျောက်ဖြူမြို

ပညာအရည်အချင်း

M.A , R.L

လက်ရှိအလုပ်အကိုင်

တရားရုံးချုပ်ရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကြာထွန်းအောင်၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ယိုင်နုဖြူ၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းတင် ၊ ၁၁/ကဖန(နိုင်)၀၀၇၂၇၉၊ အ.ထ.ပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မလှလှရှိန်၊ ၁၁/ကဖန(နိုင်)၀၃၄၅၈၅ ၊ အင်ဂျင်နီယာ

(၂) မဝါဝါရှိန်၊ ၁၁/ကဖန(နိုင်)၀၃၄၅၈၇၊ အင်ဂျင်နီယာ

(၃) မမိုးမိုးရှိန်၊ (စွန့်လွှတ်ထားသည်)

အမြဲတမ်းနေရပ်လိပ်စာ

ဦးဥတ္တမလမ်း၊ အလယ်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ဖြူမဲဆန္ဒနယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ဇရပ်ပြင် အ.လ.က ရမ်းဗြဲမြို့နယ်၊ အ.ထ.က ကျောက်ဖြူနှင့် အ.ထ.က မအူပင်မြို့တို့၌ ပညာသင်ကြား ခဲ့သည်။ ပုသိမ်ကောလိပ်နှင့် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ကြားခဲ့ပြီး M.A, RL ဘွဲ့ရရှိခဲ့ သည်။

၁၉၆၉ ခုနှစ်တွင် ရန်ကုန်မြို့ပန်းဘဲတန်း အ.မ.က၌ မူလတန်းပြဆရာနှင့် ၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ရန်ကုန်မြို့ ဗဟန်းအ.လ.က (၂)၌ အလယ်တန်းပြဆရာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၂ ခုနှစ်အထိ အထက်တန်းရှေ့နေနှင့် ၁၉၈၂ ခုနှစ်မှ ယခုအချိန်အထိ တရားရုံးချုပ်ရှေ့နေအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဖြူမြို့နယ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် အတွင်းရေးမှူး၊ ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ပါတီတွင် ဥက္ကဋ္ဌ၊ အ.လ.က(၂)ဗဟန်း မိဘဆရာအသင်းတွင် အတွင်းရေး မှူးနှင့် ကျောက်ဖြူမြို့ရှေ့နေအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။