|
အမည် |
ဦးစိုးမြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ဥကတ (နိုင်) ၁၅၂၃၉၂ |
|
မွေးသက္ကရာဇ်/အသက် |
လဆုတ် (၃) ရက်၊ ဝါခေါင်လ၊ ၁၃၀၂ ခုနှစ်/(၇၀) နှစ် |
|
မွေးဖွားရာဇာတိ |
ညောင်လေးပင်မြို့၊ ပဲခူးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (၁၉၆၁-၁၉၆၂) (နိုင်ငံရေးသိပ္ပံ၊ စိတ်ပညာ၊ ခေတ်သစ်သမိုင်းဘာသာတွဲ) |
|
လက်ရှိအလုပ်အကိုင် |
အငြိမ်းစား |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစိန် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်သိန်း (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ချိုချိုဆန်း၊ ၁၂/ဥကတ (နိုင်) ၁၅၂၃၉၃၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါ်စိုးဝတ်ရည်၊ ၁၂/ရကန (နိုင်) ၀၀၇၉၁၇၊ ပြန်ကြားရေးရာဌာနကြီးမှူး၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၆၄)၊ ဘူတာလမ်း၊ ညောင်လေးပင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်လေးပင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
-၁၉၅၇-၁၉၅၈ ခုနှစ်တွင် ညောင်လေးပင်မြို့၌ ပညာဆည်းပူးခဲ့ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ လက်ထောက်အလုပ်သမားအရာရှိအဖြစ် အလုပ်သမားညွှန်ကြားရေးဝန်ရုံး၊ အလုပ်သမားဝန်ကြီးဌာနတွင် (၁၉၆၂-၆၃) အထိလည်းကောင်း၊ ဒုဗိုလ်အဆင့်ဖြင့် အမှတ်(၆)၊ ဗမာ့သေနတ်ကိုင် တပ်ရင်း၌ လည်းကောင်း၊ ဒုဗိုလ်မှ ဗိုလ်ကြီး (တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရေး၊ တပ်ထောက်) အဖြစ် ရွှေကျင်မြို့နှင့် တောင်ငူမြို့တို့တွင် လည်းကောင်း၊ ဗိုလ်ကြီး၊ ဦးစီးအရာရှိ(တ) (ထောက်) စခန်းမှူးအဖြစ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တွေမြို့တွင် (၁၉၇၂-၇၆)အထိ လည်းကောင်း၊ တပ်ခွဲမှူး ဗိုလ်ကြီးအဖြစ် အမှတ် (၉၂) ခြေလျင်တပ်ရင်းတွင် (၁၉၇၆-၇၇) အထိ လည်းကောင်း၊ ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဖြစ် အမှတ်(၉၉) ခြေလျင်တပ်ရင်း၊ လွယ်လင်မြို့တွင် (၁၉၇၇-၈၀) အထိလည်းကောင်း၊ ဗိုလ်မှူး၊ ဒုလက်ထောက် စစ်ထောက်ချုပ်အဖြစ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ကြီးမြို့တွင် (၁၉၈၀) ပြည့်နှစ်တွင် လည်းကောင်း၊ ဗိုလ်မှူး၊ ဒုတပ်ရင်းမှူး အဖြစ် အမှတ်(၆၄) ခြေလျင်တပ်ရင်း၊ လဲချားမြို့တွင် (၁၉၈၀-၈၃) အထိ လည်းကောင်း၊ ဗိုလ်မှူး၊ ဒု-ဗိုလ်မှူးကြီး၊ ယာယီတပ်ရင်းမှူး၊ တပ်ရင်းမှူး အဖြစ် အမှတ် (၁၀၂) ခြေမြန်တပ်ရင်း၊ မုတ္တမမြို့တွင် (၁၉၈၄-၈၆) အထိ လည်းကောင်း၊ဒု-ဗိုလ်မှူးကြီး ၊ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် မန္တလေးမြို့တွင် (၁၉၈၇) တွင် လည်းကောင်း၊ ဒုဗိုလ်မှူးကြီး၊ ယာယီနည်းဗျူဟာမှူးအဖြစ်(၂၂) ခြေမြန်တပ်မဌာနချုပ်၊ ဘားအံမြို့တွင်(၁၉၈၈-၈၉) အထိ လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ယာယီစစ်ဗျူဟာမှူး၊ စစ်ဗျူဟာမှူးအဖြစ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မန္တလေးမြို့တွင် (၁၉၈၉-၉၂) အထိလည်းကောင်း၊ စစ်သံမှူး (ကြည်း/ရေ/လေ) အဖြစ် ပါကစ္စတန်နိုင်ငံတွင် (၁၉၉၃-၉၇) အထိလည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် (၁၉၉၇-၉၉) အထိလည်းကောင်း၊ အကြံပေးပုဂ္ဂိုလ်အဖြစ် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွင် (၂၀၀၀-၂၀၀၃) အထိ လည်းကောင်းတာဝန်များ ထမ်းဆောင်ခဲ့သည်။ |
