ဦးဝင်းသန်း ( သာပေါင်း မဲဆန္ဒနယ်)

အမည်

ဦးဝင်းသန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/မဂဒ(နိုင်)ဝ၅၃၆၆၉

မွေးသက္ကရာဇ်/အသက်

၁၅-၈-၁၉၆၅/ (၄၆) နှစ်

မွေးဖွားရာဇာတိ

ပုသိမ်မြို့

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)၊ (စာပေထူးချွန်ဆုရ)/မဟာဘွဲ့ (ဖွံ့ဖြိုးမှုဆိုင်ရာ) (ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ လက်မှတ်ရ အခြေခံ သံတမန်ကျွမ်းကျင်၊ စီးပွားရေးဥပဒေ ဒီပလိုမာဘွဲ့လွန်

လက်ရှိအလုပ်အကိုင်

ဖွံ့ဖြိုးမှုသုတေသနနှင့် ဆက်နွယ်သော လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သာပေါင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမန်းအုန်းမောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန့်ခင်ကြူ၊ ၁၄/သပန (နိုင်) ၀၀၅၇၇၀၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဗိုလ်မှူးဒေါ်ခင်သီတာအောင်(ကြည်း /၂၅၉၁၇) ၁၂/ မဂဒ(နိုင်) ၀၀၃၇၂၁၊ မေ့ဆေးပါရဂူ၊ တပ်မတော်ဆေးရုံကြီး (၁/ကုတင် ၁၀၀၀)၊ မင်္ဂလာဒုံ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)မခင်ဦးခင်ခင်၊ ၁၂/ဗဟန(နိုင်) ၀၉၉၅၁၄၊ ကျောင်းသူ

(၂)မခင်ရွေးမြင့်၊ ၁၂/ဗဟန(နိုင်) ၀၀၀၇၆၅၊ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၃၃) ၊ ကန်သာယာ (၁)လမ်း၊ ရပ်ကွက် (၁)၊ သာပေါင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သာပေါင်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ အ.မ.က(၇)စက်တော်ရာနှင့် အ.ထ.က သာပေါင်းတို့တွင် သင်ကြားခဲ့သည်။ ပုသိမ်ဒေသကောလိပ်နှင့် ပုသိမ်ဒီဂရီကောလိပ်တို့တွင် တက်ရောက်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ပြင်ဦးလွင်စစ်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အခြေခံသံတမန်ကျွမ်းကျင်သင်တန်းကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် စီးပွားရေးဥပဒေဒီပလိုမာကိုလည်းကောင်း တက်ရောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် မဟာဘွဲ့(ဖွံ့ဖြိုးမှုဆိုင်ရာ)အတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ် တွင် တက်ရောက်လျက်ရှိသည်။ခလရ(၁၉)ဖာပွန်တွင် ခြေလျင်တပ်စုမှူးအဖြစ်လည်းကောင်း၊ ဆရက မင်္ဂလာဒုံတွင် တပ်မှူးရုံး လက်ထောက်အဖြစ်လည်းကောင်း၊ မြန်မာ့လေကြောင်း ရန်ကုန်တွင် လက်ထောက်မန်နေဂျာအဖြစ်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ရန်ကုန်/ရှမ်း(ရှေ့)တွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်။ သာပေါင်းမြို့နယ် စာမတတ်သူပပျောက်ရေးတွင် လုပ်အားပေးခြင်း၊ ကျိုင်းတုံ-တာချီလိတ် ကားလမ်း အားပြုပြင်ခြင်း၊ တပ်ရင်းပေါင်း(၂၀)မှ မသန်စွမ်းသူစစ်သည် ၁၂၀ ဦးအား အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် အကြံပေးအဖြစ်ဆောင်ရွက်ခြင်း၊ သာပေါင်းမြို့နယ် တွင် တံတားများဆောက်လုပ်ခြင်းနှင့် လိုအပ်သောနေရာများတွင် ရေသန့်စက်စနစ်တပ်ဆင်ရေး လှူဒါန်းပညာ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ စစ်တက္ကသိုလ်မှ ချီးမြှင့်သော စာပေထူးချွန်ဆု ရွှေတံဆိပ်နှင့် နိုင်ငံတော်မှ ချီးမြှင့်သော ပြည်သူ့သားကောင်း တံဆိပ်တို့ကို ရရှိခဲ့သည်။ ပြန်တမ်းဝင်အမှတ် ကြည်း /၂၀၁၇၀ ဖြစ်ပြီး ၂၀-၈-၁၉၈၈ ဖာပွန်ရှေ့တန်းစစ်မြေပြင်တွင် ခြေတစ်ဖက် စွန့်လွှတ်ခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ ဆောင်ရွက်ခဲ့ပြီး ၁၀-၅-၁၉၉၉တွင် အလုပ်မှနုတ်ထွက်ခဲ့သည်။