|
အမည် |
ဦးစိန်အောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ခူမီး(ချင်း)/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၄/ပလဝ(နိုင်)၀၀၀၄၁၈ |
|
မွေးသက္ကရာဇ်/အသက် |
၁၁-၆-၁၉၅၅/(၆၁)နှစ် |
|
မွေးဖွားရာဇာတိ |
ဝက္ကူးသောင်ရွာ၊ ပလက်ဝမြို့နယ် |
|
ပညာအရည်အချင်း |
B.Th, B.A |
|
လက်ရှိအလုပ်အကိုင် |
ဘဏ္ဍာထိန်း၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကံပြည့်၊ PWA-၀၀၀၀၈၇၊တောင်ယာ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကမ်တွယ်၊ PWA-၀၀၀၀၈၈၊မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကံထင်း၊ ၄/ပလဝ(နိုင်)၀၀၀၀၉၇၊ ဈေးသည် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁)မစင်သီယာ၊ ၄/ပလဝ(နိုင်)၀၂၁၀၂၅၊ အထက်တန်းပြဆရာမ (၂)မောင်ဂျင်မီ၊ ၄/ပလဝ(နိုင်)၀၂၅၉၃၅၊ ကျပန်း (၃)မမီမီဟွေ့ကို၊ ၄/ပလဝ(နိုင်)၀၄၁၇၆၅၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ရိက္ခာရပ်ကွက်၊ ပလက်ဝမြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပလက်ဝမြို့နယ်၊ အမှုဆောင်ဘဏ္ဍာထိန်း |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ပလက်ဝမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို အ.မ.က ဝက္ကူးသောင်၊ အ.လ.က ဒလက်မေ၊ အ.ထ.က ပလက်ဝမြို့တို့တွင် သင်ယူခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ရန်ကုန်မြို့ သန့်ရှင်းသော ကားတိုင်ဓမ္မတက္ကသိုလ်တွင်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ စစ်တွေမြို့ အဝေးသင် တက္ကသိုလ်တွင် လည်းကောင်း တက်ရောက် ခဲ့ပြီး B.Th နှင့် B.A ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အုပ်စုစာရေး အဖြစ်လည်းကောင်း၊ ၁၉၈၀ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ မူလတန်းပြဆရာအဖြစ်လည်းကောင်း၊ ပလက်ဝမြို့ အင်္ဂလီကန် သာသနာရုံးတွင် ၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ စာရင်းကိုင်အဖြစ် လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ခရစ်ယာန် သင်းအုပ်ဆရာအဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာ တာဝန် များ ထမ်းဆောင်ခဲ့သည်။ ပလက်ဝမြို့တွင် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် နာယကအဖြစ် လည်းကောင်း၊ မြို့နယ်နာရေးကူညီမှု အသင်းတွင် နာယကအဖြစ်လည်းကောင်း၊ လူမှုရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ပလက်ဝမြို့၊ ချင်းအပစ်အခတ်ရပ်စဲခြင်း စောင့်ကြည့်ရေး အဖွဲ့၊ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ |
