|
အမည် |
ဒေါက်တာဆလိုင်းရီယန်းဗဲလ် |
|
အခြားအမည် |
ဆလိုင်းရန်းဗဲလ် |
|
လူမျိုး/ဘာသာ |
ချင်း/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ကမရ(နိုင်)၀၄၉၆၂၁ |
|
မွေးသက္ကရာဇ်/အသက် |
၂၆-၃-၁၉၅၅/(၆၀)နှစ် |
|
မွေးဖွားရာဇာတိ |
ဆယ်ပီးရွာ၊ ဖလမ်းမြို့နယ် |
|
ပညာအရည်အချင်း |
B.Sc, MSc, DEM.PhD |
|
လက်ရှိအလုပ်အကိုင် |
ပါမောက္ခ(ငြိမ်း)၊ ကလေးတက္ကသိုလ် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထန်သူးလ်(ခ)ဦးထန်တလူး၊ FLM-029235၊တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လောင်ထွေး(ခ)ဒေါ်လောင်ထလွဲ၊FLM-062135၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ဆယ်ပီးကျေးရွာ၊ ဖလမ်းမြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဖလမ်းမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ဆယ်ပီး မူလတန်းကျောင်း၊ လိုဆာအိုနှင့် တီးဘွာလ်တွင် အလယ်တန်းကျောင်းနှင့် ဖလမ်းမြို့ အထက်တန်းတို့တွင် သင်ယူခဲ့သည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ဒီပလိုမာဘွဲ့၊ မန္တလေးတက္ကသိုလ်တွင် သိပ္ပံဘွဲ့၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့တို့ကို ရယူခဲ့သည်။ မုံရွာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တွင် နည်းပြအဖြစ် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ပုသိမ်တက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် လည်းကောင်း၊ ကလေး ဒီဂရီကောလိပ်တွင် ကထိကအဖြစ်လည်းကောင်း၊ ကလေး တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခနှင့် ပါမောက္ခအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မန္တလေး၊ ဖလမ်း ဆပ်ကော်မတီတက္ကသိုလ်များနှင့် ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိတွင် တက္ကသိုလ်များ ရန်ကုန်တို့တွင် ခစယ ဥက္ကဋ္ဌ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီတက္ကသိုလ်များ ရန်ကုန်တွင် တွဲဖက်အတွင်းရေးမှူးနှင့် ၁၉၉၀ ခုနှစ်မှ ၁၉၉၈ ခုနှစ်တွင် ဖလမ်းအသင်း ရန်ကုန် တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်း တံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်တို့ကို ရရှိခဲ့သည်။ |
