ဒေါက်တာရွှေပုံ(ပဲခူး မဲဆန္ဒနယ်)

အမည်

ဒေါက်တာဒေါ်ရွှေပုံ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ပခန(နိုင်)၀၁၂၀၀၈

မွေးသက္ကရာဇ်/အသက်

၂၄-၂-၁၉၅၁/(၆၅)နှစ်

မွေးဖွားရာဇာတိ

ပဲခူးမြို့

ပညာအရည်အချင်း

အမ်.ဘီ.ဘီ.အက်(စ်)(ရန်ကုန်)

လက်ရှိအလုပ်အကိုင်

ဆရာဝန်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွန်းမြအောင်၊ ဘီအာရ်- ၀၂၈၄၃၂၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်၊ ၇/ပခန(နိုင်) ၀၁၁၆၇၆၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမျိုးမြင့်၊ ၇/ပခန(နိုင်)၂၄၈၅၈၁၊ (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ရာဇာမျိုးမြင့်၊ ၇/ပခန(နိုင်)၀၀၃၆၂၁၊ ကုန်သည်

(၂) သူရိန်မျိုးမြင့်၊ ၇/ပခန(နိုင်)၀၀၃၆၂၂၊ စာရေးဆရာ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၆၀/က)၊ ၃၃-လမ်း၊ ရှင်စောပု ရပ်ကွက်၊ ပဲခူးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်(ပဲခူးတိုင်း)
အဖွဲ့ဝင်၊ ကျန်းမာရေးကော်မတီ အဖွဲ့ဝင်၊ အမျိုးသမီးရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားကျန်းမာရေးကွန်ယက်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

သူငယ်တန်းမှ သတ္တမတန်းအထိ ဘီဘီအမ်ကျောင်း(ပဲခူးမြို့)၊ အဋ္ဌမတန်းမှ ဒသမတန်းအထိ အ.ထ.က(၃)ပဲခူးမြို့တို့တွင် အခြေခံပညာသင်ယူခဲ့ပါသည်။ ဆေးတက္ကသိုလ်(၁)(ရန်ကုန်)သို့ တက်ရောက်၍ ပညာဆက်လက်သင်ယူခဲ့ရာ အမ်.ဘီ.ဘီ.အက်(စ်)ဘွဲ့ကို ရရှိခဲ့ပါသည်။
ပဲခူးမြို့ ဇိုင်း/မြောက်ရပ်ကွက် သမဝါယမဆေးခန်း၊ ပဲခူးမြို့ ဇိုင်း/မြောက် ရပ်ကွက် နေခြည်ဆေးခန်း၊ မာရီစတုပ်အင်တာနေရှင်နယ်မြန်မာ(ပဲခူးမြို့)တို့တွင် တာဝန်ခံဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ၁၉၈၈ ခုနှစ်မှ ၁၉၉၉ ခုနှစ်ထိ မြို့နယ်အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။

လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် ၂၀၀၈ ခုနှစ်တွင် နာဂစ်ဒဏ်ခံဒေသများသို့ သွားရောက်၍ဆေးကုသမှုပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခြင်း၊ ၂၀၁၂ ခုနှစ်မှ ယနေ့ထိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် တာဝန်ခံဆရာအဖြစ် တာဝန်ထမ်းဆောင်ခြင်း၊ သဘာဝဘေး အန္တရာယ် ကျရောက်သောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သောက်သုံးရေပြတ်လပ်သော ကျေးရွာများသို့ ရေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
၁၉၉၉ ခုနှစ် ဇူလိုင်လတွင် ၉၉၉၉(၉လေးလုံး) အရေးအခင်းတွင် ပါဝင်ပတ်သက်မှုဖြင့် အဖမ်းခံရပြီး အရေးပေါ်စီမံမှု ၅(ည)၊ မတရားအသင်း ၁၇(၁)၊ ပုံနှိပ်အက် ၁၇/၂၀ တို့ဖြင့် ၁၈.၁၁.၉၉ ရက်နေ့တွင် ထောင်ဒဏ် (၂၄)နှစ် အပြစ်ပေးခံရပြီး ၂၆.၁၀.၂၀၀၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။