ဦးသန်းထွန်း (ပုသိမ် မဲဆန္ဒနယ်)

အမည်

ဦးသန်းထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ပသန(နိုင်) ၁၅၂၂၉၇

မွေးသက္ကရာဇ်/အသက်

၁-၅-၁၉၆၇/ (၄၇)နှစ်

မွေးဖွားရာဇာတိ

သဘော့ကန်ကျေးရွာ၊ ရွှေသောင်ယံမြို့နယ်ခွဲ

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (အဏ္ဏဝါ)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်ထွန်းဦး၊ TPG -၀၇၂၆၂၆ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းရင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းသန်းဌေး၊ ၁၄/ပသန(နိုင်)၀၇၀၇၆၆၊ ကုန်သည်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ရဲနီထွန်း၊ ၁၄/ပသန(နိုင်) ၁၉၈၂၄၅၊ ကျောင်းသား

(၂) မမြတ်ဖြူစင်သန့်၊ ၁၄/ပသန(နိုင်) ၂၂၁၁၈၇၊ ကျောင်းသူ

(၃) မောင်စစ်လင်းထွန်း၊ ၁၄/ပသန(နိုင်) ၂၅၂၅၄၈၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

(၅-က)၊ မဟာဗန္ဓုလလမ်း၊ (၃) ရပ်ကွက်၊ ပုသိမ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုသိမ်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

သူငယ်တန်းမှ နဝမတန်းအထိ တွဲဖက် အ-ထ-က သဘော့ကန် ကျေးရွာနှင့် ဒသမတန်းကို အ-ထ-က (၄) ပုသိမ်တို့တွင် ပညာသင်ကြားခဲ့သည်။ ပထမနှစ်မှ ဒုတိယနှစ်အထိ ပုသိမ်ကောလိပ်နှင့် တတိယနှစ်မှ စတုတ္ထနှစ်အထိ အဏ္ဏဝါသိပ္ပံ မော်လမြိုင်တက္ကသိုလ်တို့တွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ် မေလ ၂၃ ရက်နေ့အထိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် တိုင်းအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တိုင်းအတွင်းရေးမှူးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ယနေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တိုင်းအတွင်း ရေးမှူးအဖြစ် ထမ်းဆောင်လျက်ရှိသည်။ လူမှုထူးချွန် (တတိယအဆင့်) ချီးမြှင့်ခံခဲ့ရသည်။ ၁၉၉၃ ခုနှစ်တွင် ဂျပန်နှင့် တရုတ်နိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံများသို့ လေ့လာရေးသွားရောက်ခဲ့သည်။