ဦးရည်မွန်( ပုဗ္ဗသီရိ မဲဆန္ဒနယ်)

အမည်

ဦးရည်မွန်

အခြားအမည်

မောင်တင်သစ်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/ပမန(နိုင်)၁၃၁၈၉၅

မွေးသက္ကရာဇ်/အသက်

၉-၈-၁၉၆၇/(၄၈)နှစ်

မွေးဖွားရာဇာတိ

ကျည်တောင်ကန် (၃)ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်

ပညာအရည်အချင်း

တတိယနှစ် အမ်ဘီဘီအက်စ် (၁၉၈၄-၁၉၈၈)

လက်ရှိအလုပ်အကိုင်

ကဗျာဆရာ၊ စာရေးဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်ဆွေ၊ ၉/ပမန(နိုင်)၁၄၀၅၂၅၊ အထက်တန်းကျောင်းအုပ်(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်၊ ၉/ပမန(နိုင်)၁၄၀၅၇၈၊ အလယ်တန်းပြ(ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စမ်းစမ်းဝင်း၊ ၉/မနတ(နိုင်)၀၅၈၅၄၃၊ ကုန်သည်    

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မအေးချမ်းမွန်၊ ၉/မဟမ(နိုင်)၀၃၇၆၃၀၊ တတိယနှစ် အမ်ဘီဘီအက်စ်၊ မန္တလေး ဆေးတက္ကသိုလ်        

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃၂၃)၊ စိန်ပန်းရပ်၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုဗ္ဗသီရိမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကိုပုဗ္ဗသီရိမြို့နယ်၊ အ.ထ.ကကျည်တောင်ကန်နှင့် အ.ထ.က သပိတ်ကျင်းမြို့တို့တွင် သင်ယူခဲ့သည်။ မန္တလေး ဆေးတက္ကသိုလ်ကို တတိယနှစ်ထိ တက်ရောက်ခဲ့သည်။ 
၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ခံ အယ်ဒီတာအဖြစ် ပိတောက် ပွင့်သစ်မဂ္ဂဇင်းတွင်လည်းကောင်း၊ ၂၀၀၈ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အယ်ဒီတာချုပ် အဖြစ် မြန်မာသစ် မဂ္ဂဇင်းတွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အယ်ဒီတာချုပ်အဖြစ် ပန်သစ္စာဂျာနယ်၊ MEITI- MSG အဖွဲ့ဝင်အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။ စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့် Myanmar-China Pipeline Watch Committee တို့၏ ဥက္ကဋ္ဌ/မူဝါဒ အကြံပေးနှင့် Myanmar Alliance for Transparency & Accountability-SC တွင် အဖွဲ့ဝင် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ခုနှစ်မှ-၂၀၀၅ခုနှစ်များ အတွင်း ၅(ည)၊ ၁၇/၂၀ ပုဒ်မများဖြင့် မန္တလေးထောင်၊ မြောင်းမြထောင်များတွင်(၇)နှစ်ကြာ အကျဉ်းကျခဲ့သည်။