|
အမည် |
ဦးလှမြင့်ဦး |
|
အခြားအမည် |
မောင်တင်အုန်း |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/သဃက(နိုင်)၁၅၇၇၈၃ |
|
မွေးသက္ကရာဇ်/အသက် |
၂၈-၂-၁၉၄၂/ (၆၉) နှစ် |
|
မွေးဖွားရာဇာတိ |
နေပြည်တော်၊ ပျဉ်းမနားမြို့ |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (ရန်ကုန်တက္ကသိုလ်/၁၉၆၂) |
|
လက်ရှိအလုပ်အကိုင် |
အဖွဲ့ဝင် (ဒုတိယဝန်ကြီး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထွန်းတင်၊ စက်ရှင်ရုံးအုပ် (ငြိမ်း)၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဒေါင်း (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးမြင့်၊၁၂/ဒဂန(နိုင်) ၀၂၇၃၃၅ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါ်စန္ဒာဦး၊ ၁၂/ဒဂန(နိုင်)၀၀၅၃၉၂၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၂၃၇)၊ မြဧရာလမ်း၊ ၂၉ ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပျဉ်းမနား မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၉၄၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပျဥ်းမနားမြို့ အမှတ်(၁)အစိုးရအထက်တန်းကျောင်း၌ အခြေခံပညာ သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်သင်ကြားခဲ့ရာ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အတွင်း တပ်မတော် (ရေတပ်)တွင် ဗိုလ်အဆင့်မှ ဗိုလ်မှူးအဆင့်အထိ တပ် ၊ စခန်း ၊ ရေယာဥ်များနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတွင် စစ်ဦးစီးအရာရှိ /စစ်ရေယာဥ်မှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော် စည်းရုံးရေး ကော်မတီရုံးတွင် ဌာနခွဲမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဒုတိယ ညွှန်ကြားရေးမှူး (ပထမ အတွင်းဝန်) အဆင့်မှ ညွှန်ကြားရေးမှူး ၊သံမှူးအဆင့်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာန တရုတ် ၊ အင်ဒိုနီးရှား ၊ အမေရိကန် နိုင်ငံများတွင်လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ နီပေါ ၊ ဘင်္ဂလားဒေ့ရှ့် ၊ တောင်အာဖရိက နိုင်ငံများတွင် သံအမတ်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ (၃) ကြိမ် ၊ ဘက်မလိုက် ထိပ်သီး အစည်းအဝေးသို့ (၂)ကြိမ် တက်ရောက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သံအမတ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ယနေ့အထိ ဝန်ထမ်း ရွေးချယ် လေ့ကျင့်ရေးအဖွဲ့ တွင် အဖွဲ့ဝင် ( ဒုတိယဝန်ကြီး)တာဝန် ထမ်းဆောင်လျက်ရှိသည်။ အ.ထ.က (ပျဥ်းမနား)၌ ကင်းထောက် တပ်ဖွဲ့တွင်လည်းကောင်း ၊ ရန်ကုန် တက္ကသိုလ်တွင် အတွင်းရေးမှူး ၊ အမှုဆောင်အဖြစ် လည်းကောင်း ၊ ရန်ကုန်တက္ကသိုလ် ပျဥ်းမနား ကျောင်းသား / ကျောင်းသူများ အသင်းတွင် လည်းကောင်း ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ တင်းပြည့်ပါတီဝင် အဖြစ်လည်းကောင်း ၊ နေပြည်တော် ပျဥ်းမနား မြို့နယ်အသင်း (ရန်ကုန်)တွင် နာယက/အမှုဆောင် အဖြစ်လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်း (တာမွေ)တွင် နာယက/ကျောင်းအကျိုးတော်ဆောင် အဖွဲ့တွင်လည်းကောင်း ၊ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင် ကျောင်းသားဟောင်းများအသင်း နာယကအဖြစ်လည်းကောင်း၊ ပေါင်းလောင်းအသင်း (ရန်ကုန်)၏ နာယကအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ |
