ဦးနှီယာအုပ်( ဟားခါးမဲဆန္ဒနယ်)

အမည်

ဦးနှီယာအုပ်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ချင်း/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၄/ဟခန(နိုင်)၀၁၈၇၀၁

မွေးသက္ကရာဇ်/အသက်

၁၆-၃-၁၉၄၂/(၇၃)နှစ်

မွေးဖွားရာဇာတိ

ဇိုခွာကျေးရွာ၊ ဟားခါးမြို့နယ်

ပညာအရည်အချင်း

B.A,Dip.Ed,Dip.Eng,MA(Th)

လက်ရှိအလုပ်အကိုင်

အလယ်တန်းကျောင်းအုပ်(ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဟရန်သွန်း(ကွယ်လွန်)၊ HKA-049532၊ တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တီာလ်မန်း(ကွယ်လွန်)၊၄/ဟခန(နိုင်) ၀၁၈၄၃၄၊ တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ထွေး၊၄/ဟခန(နိုင်) ၀၁၈၄၀၅၊တောင်သူ၊ (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ချန်ကျင်ထန်၊ (ကွယ်လွန်)

(၂) မဘွေကျင်တီာလ်၊ (ကွယ်လွန်)

(၃) မဒွေဆုန်ချင်း၊ (ကွယ်လွန်)

(၄) မောင်လျန်ဗျက်ထောင်၊ (ကွယ်လွန်)

(၅) မောင်ဇနှင်းထန်(သာသနာပြုဆရာ)၊ ၄/ဟခန(နိုင်)၀၂၂၄၅၉

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၁၆)၊ သီတာလမ်း၊ ဈေးသစ်ရပ်ကွက်၊ဟားခါးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ အဖွဲ့ဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဟားခါးမြို့နယ် (ဒုတိအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို အ.မ.က ဇိုခွါး၊ အ.ထ.က ဟားခါးတို့တွင် သင်ယူခဲ့သည်။ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နှင့် ဓမ္မတက္ကသိုလ် (ကလေးမြို့)တွင် တက်ရောက်ခဲ့သည်။ B.A, Dip.Ed, Dip.Eng, MA(Th)ဘွဲ့ ရရှိခဲ့ သည်။ ချောင်းဦး၊ ရန်ကုန်၊ လွိုင်ကော်၊ ထန်တလန်တို့တွင် UNDP ဝန်ထမ်းအဖြစ် လည်းကောင်း၊ ဟားခါးမြို့တွင် GRET ဝန်ထမ်းအဖြစ်လည်းကောင်း၊ သီကိရ်၊ ဇိုခွါး၊ ဟားခါး၊ မင်းတပ်၊ နှာရိန်နှင့် သီနမ်းတို့တွင် အလယ်တန်းပြ၊ အလယ်တန်း ကျောင်းအုပ်နှင့် အထက်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ဗဟိုဦးစီးအဖွဲ့ဝင် အလုပ်သမားအစည်းအရုံး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်နယ်ကောင်စီဝင် နှင့် မြို့နယ်ကြက်ခြေနီ အတွင်းရေးအမှူးအဖြစ် (၆) နှစ် ဆောင်ရွက်ခဲ့သည်။