ဦးခွန်လိန်း( ဖလမ်း မဲဆန္ဒနယ်)

အမည်

ဦးခွန်လိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ချင်း/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၄/တဇန(နိုင်)၀၀၁၉၇၂

မွေးသက္ကရာဇ်/အသက်

၈.၆.၁၉၄၃/(၆၇)နှစ်

မွေးဖွားရာဇာတိ

ဇောင်သဲရွာ၊ ဖလမ်းမြို့နယ်

ပညာအရည်အချင်း

B.Sc, Dip. (ed)

လက်ရှိအလုပ်အကိုင်

မြို့နယ်ပညာရေးမှူး (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတီလ်ဇမ်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကိုင်လှယ်တီလ်၊ ၄/ဖလန(နိုင်) ၀၁၇၄၈၂၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှော်န်ကီးလ်၊ ၄/ဖလန(နိုင်) ၀၁၇၄၈၁၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

-(၁) မငွန်ရှန်းပါရ်၊ ၄/ဖလန(နိုင်) ၀၁၄၆၈၄၊ မှီခို

(၂) မဗန်ဘွဲ့ကီးလ်၊ ၅/မလန(နိုင်) ၀၂၉၁၃၀၊ မှီခို

(၃) မဆန်ကျဲရ်၊ ၄/တဇန(နိုင်) ၀၀၂၃၅၄၊ ဓမ္မဆရာမ

(၄) မောင်လာကျဲအိုလွယ်၊၅/မလန(နိုင်)၀၂၉၃၁၆၊ ဘောလုံးသမားနေပြည်တော် F.C

အမြဲတမ်းနေရပ်လိပ်စာ

၁၁၇၁/၄၆ ရွှေဝါလမ်း၊ မြောက်ဒဂုံ

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ချင်းတိုးတက်ရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖလမ်းမြို့နယ်(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

-ငယ်စဥ်က ခြေခံပညာကို ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ အ .မ.က ဇောင်သဲ၊ အ.ထ.က ဖလမ်း ၊ အ.ထ.က (၁) ပခုက္ကူ၊ အ.ထ.က ဖလမ်းနှင့် ပိုးကရင်၊ အ.ထ.က မအူပင်တို့တွင် တက်ရောက်သင်ကြားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ၁၉၆၆ ခုနှစ်တွင် B.Sc ဘွဲ့ကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် Dip.(ed) ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အ.ထ.က ဖလမ်းမြို့နှင့် အ.ထ.က မင်းတပ်မြို့တို့တွင် အထက်တန်းပြ အဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ဟားခါးမြို့တွင် ကာယပညာအုပ်အဖြစ်လည်းကောင်း၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်တွင် သိပ္ပံပညာအုပ်အဖြစ်လည်းကောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ မင်းတပ်မြို့တွင် လက်ထောက်မြို့နယ် ပညာရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဇောင်သဲရွာတွင် အလယ်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်အထိ တွန်းဇံမြို့တွင် အထက်တန်းကျောင်းအုပ် အဖြစ်လည်းကောင်း၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မြို့နယ် ပညာရေးမှူးအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။