ဦးခင်အေး (နတ်တလင်းမဲဆန္ဒနယ်)

အမည်

ဦးခင်အေး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/နတလ(နိုင်)၀၀၆၆၀၁

မွေးသက္ကရာဇ်/အသက်

၂၅-၄-၁၉၄၅/(၇၀)နှစ်

မွေးဖွားရာဇာတိ

နတ်တလင်းမြို့နယ်

ပညာအရည်အချင်း

B.Com (A.A); Dip Ed

လက်ရှိအလုပ်အကိုင်

စပါးအရောင်းအဝယ်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှနွယ်၊ ၇/နတလ(နိုင်)၀၀၃၄၅၁၊ (ကွယ်လွန်) (၂၀၀၆ ခုနှစ်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မြ၊ ၇/နတလ(နိုင်)၀၀၃၄၅၂၊ (ကွယ်လွန်) (၂၀၀၇ ခုနှစ်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မေကြည်၊ ၇/နတလ(နိုင်) ၀၀၄၃၉၃၊ အထက်တန်းပြဆရာမ (ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မစန္ဒာနွယ်၊ ၇/နတလ(နိုင်)၀၀၄၀၈၇၊ Civil & Structural Enginner၊ Prompt Consixtium , Singapore.

(၂) မဆွေဆွေသက်၊ ၇/နတလ(နိုင်)၀၀၀၀၄၁၊
Teacher, The Knowledge Heaven Co.,Ltd Singapore

(၃) ကိုကျော်သက်၊ ၇/နတလ(နိုင်)၀၀၀၀၆၀၊
မှီခို

(၄) မအေးအေးပြုံး၊ မန်နေဂျာ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း၊ သင်္ဃန်းကျွန်းမြို့နယ်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၅၂)၊ ရန်ကုန်-ပြည်လမ်း၊ သာစည် ရပ်ကွက်၊ နတ်တလင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နတ္တလင်းမြို့နယ်ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နတ်တလင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၅၁ ခုနှစ်မှ ၁၉၆၀ ခုနှစ်ထိ အ.ထ.က(နတ်တလင်း) ၁၉၆၁ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ လှအလွတ်ကျောင်း(ရန်ကုန်)တွင် အခြေခံပညာသင်ကြားခဲ့သည်။ ၁၉၆၃ ခုနှစ် ရန်ကုန်ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်(ရန်ကုန်မြို့)၊ ၁၉၆၄ ခုနှစ်မှ ၁၉၆၇ ခုနှစ် ထိ စီးပွားရေးတက္ကသိုလ်(ရန်ကုန်မြို့)၊ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ ပညာရေး တက္ကသိုလ်၊ စာပေးစာယူသင်တန်းတို့တွင် ပညာဆက်လက်သင်ကြားခဲ့သည်။
အထက်တန်းပြဆရာအဖြစ် အ.ထ.က(မိုးညို)တွင် ၁၉၆၈ မှ ၁၉၇၅ ထိ၊ အထက်တန်းပြဆရာအဖြစ် အ.ထ.က (နတ်တလင်းမြို့)တွင် ၁၉၇၅ မှ ၁၉၈၄ ထိ တာဝန်ထမ်းဆောင် ခဲ့သည်။
၁၉၈၈ မှ ၁၉၉၀ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ် အလုပ် အမှုဆောင်၊ နတ်တလင်းမြို့၊ ၁၉၉၈ မှ ၂၀၁၃ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီဝင်၊ ၂၀၁၃ မှ ယနေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ တို့အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် သာယာဝတီစစ် ခုံရုံးမှ ပုဒ်မ ၄၃၆ အရ ထောင်ဒဏ်(၆)နှစ်၊ ၁၉၉၀ ခုနှစ်တွင် သာယာဝတီတွဲဖက်တိုင်းတရားသူကြီးရုံးမှ ပုဒ်မ ၃၀၂/၁၁၄ အရ ထောင်ဒဏ်(၇)နှစ် (၁၉၈၈ အရေးအခင်းမှု)ဖြင့်ကျခံခဲ့ရသည်။