ဗိုလ်မှူးဇော်မင်းဦး (တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးဇော်မင်းဦး

အခြားအမည်

မရှိပါ

 ပြန်တမ်းဝင်အမှတ်  ရေ ၄၀၈၉

လူမျိုး/ဘာသာ

မွန်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/ပမန(နိုင်)၀၀၀၁၈၉

မွေးသက္ကရာဇ်/အသက်

၁၂-၇-၁၉၇၃ /(၄၆)နှစ်

မွေးဖွားရာဇာတိ

ပေါင်မြို့၊ မွန်ပြည်နယ်

ပညာအရည်အချင်း

သိပ္ပံဘွဲ့(ရူပဗေဒ)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း၊ ရပဆ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသာဒွေး(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြရီ၊ ၁၀/ပမန(နိုင်)၀၀၂၉၈၁၊

မူလတန်းကျောင်းအုပ်(ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန္ဒာ၊ ၆/ရဖန(နိုင်)၀၀၀၆၀၄၊ မှီခို

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ချမ်းမြင့်မြတ်ဦး(ခ) မောင်နိုင်မင်းခန့်၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ရေတပ်ပင်မဆက်သွယ်ရေးတပ်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ပေါင်မြို့ အမက(ကဒုံစီး)နှင်‌့ အထက (ပေါင်)တို့တွင် သင်ယူခဲ့ပြီး ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် စစ်တွေအဝေးသင်တက္ကသိုလ်တို့မှ သိပ္ပံဘွဲ့(ရူပဗေဒ)ရရှိခဲ့သည်။

စစ်မှုထမ်းတာဝန်ဖြင့် ဓရခ၊ ရဗစ(၁)၊ ရယစ(၅၆)၊ ရယစ (၄၆)နှင့် ဗရဖ တို့တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သည်။ ဗိုလ်မှူးအဆင့်ဖြင့် ရေတပ်ပင်မ ဆက်သွယ်ရေး တပ်တွင် တပ်ဖွဲ့မှူးတာဝန် ထမ်းဆောင်လျက်ရှိပြီး တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ရေ ၃၆၈၁ ဗိုလ်မှူးမျိုးကိုကို အစား အစားထိုး ရွေးချယ်ခံရသူ ဖြစ်ပါသည်။