ဗိုလ်မှူး အောင်‌ဇော်မိုး (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် )

အဆင့်၊ အမည်

ဗိုလ်မှူး အောင်‌ဇော်မိုး

အခြားအမည်

ဇော်မိုး

ပြန်တမ်းဝင်အမှတ်

ရေ ၃၅၄၆

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/မမန(နိုင်)၀၁၃၂၀၄

မွေးသက္ကရာဇ်/အသက်

၆-၇-၁၉၆၉/(၄၂)နှစ်

မွေးဖွားရာဇာတိ

တိုက်(၄)၊ အခန်း(၂၂)၊ ဦးဝိစာရရိပ်သာ၊ ဒဂုံမြို့နယ်

ပညာအရည်အချင်း

သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

ငွေစာရင်းအရာရှိ ၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဗိုလ်မှူး အောင်ကြည်၊ ကွယ်လွန်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ရှန်၊ အေစီ ၀၃၇၇၁၁၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဖြူဖြူအောင်၊ ၁၂/ဗဟန(နိုင်) ၀၆၈၂၅၈၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)မောင်ဉာဏ်ထက်၊ ကျောင်းသား

(၂)မောင်ညီထက်၊ ကျောင်းသား

(၃)မောင်ကောင်းထက်၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်၈၀ (က) ဓမ္မာရုံလမ်း၊ ဘောက်ထော်၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ၀၁-၅၆၁၁၁၀

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.မ.က(၁၀) ဒဂုံ၊ အ.ထ.က (၁)ဒဂုံ၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းနှင့် အ.ထ.က(၁) မိတ္ထိလာမြို့ တို့တွင် သင်ယူခဲ့သည်။  ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်သို့ တက်ရောက် ခဲ့ရာ သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) ရရှိခဲ့သည်။

ရဗစ(၁) ရန်ကုန်တွင် တွဲဘက်အရာရှိ (ဒုဗိုလ်/ဗိုလ်) အဖြစ် ၁၉၉၂ မှ ၁၉၉၃ အထိလည်းကောင်း၊ ရယစ(၃၆)တွင် ဒုစစ်ရေယာဉ်မှူး (ဗိုလ်ကြီး)အဖြစ် ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ ရခစ(၄၈) တပ်ခွဲမှူး (ဗိုလ်ကြီး)အဖြစ် ၁၉၉၄ မှ ၁၉၉၆ အထိလည်းကောင်း၊ ရဗစ(၁) တွင် ဒုစစ်ရေယာဉ်မှူးအဖြစ် ၁၉၉၆ မှ ၁၉၉၉ အထိလည်းကောင်း၊ မြစ်တွင်း တိုက်ရေယာဉ် (၃၀၆) တွင် စစ်ရေယာဉ်မှူး (ဗိုလ်ကြီး) အဖြစ် ၁၉၉၉ မှ ၂၀၀၀ ခုနှစ်အထိလည်းကောင်း၊ ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၁၅)၏ စစ်ရေယာဉ်မှူး (ဗိုလ်မှူး/ ဗိုလ်ကြီး)၊ ဗိုလ်မှူးအဆင့်ဖြင့် ၂၀၀၀ပြည့်နှစ်မှ၂၀၀၃ ခုနှစ်အထိလည်းကောင်း၊ ရလတ (၂၇) ဟိုင်းကြီးကျွန်းတွင် တပ်မှူး (ဗိုလ်မှူး) အဆင့်ဖြင့် ၂၀၀၃ မှ ၂၀၀၅ အထိလည်းကောင်း၊ ကကစစ်၏ ဦးစီး/ဒုအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိလည်းကောင်း၊ စစ်ရေယာဉ် (၅၅၉)၏ စစ်ရေယာဉ်မှူးအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆောင်ရွက်ခဲ့ပြီး ဧရခ အရာရှိအဖြစ် ၂၀၁၀ ပြည့်မှ ယနေ့အထိထမ်းဆောင်လျက်ရှိသည်။