ဒေါက်တာအေးကြူ( လပွတ္တာမဲဆန္ဒနယ်)

အမည်

ဒေါက်တာအေးကြူ (ကွယ်လွန်)

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/လပတ(နိုင်)၀၀၈၉၁၂

မွေးသက္ကရာဇ်/အသက်

၂၉-၁-၁၉၄၉/(၆၇)နှစ်

မွေးဖွားရာဇာတိ

မင်းမနိုင်၊ ရန်ကုန်မြို့

ပညာအရည်အချင်း

M.B.B.S (Ygn)

လက်ရှိအလုပ်အကိုင်

ပုဂ္ဂလိကဆေးခန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရွှေဖုန်း၊ ၁၂/တမန(နိုင်)၀၉၂၁၅၀၊ လက်သမားဆရာ၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နှင်းရီ၊ ၁၂/တမန(နိုင်)၀၅၉၃၁၅၊ မှီခို၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ခင်ကြိုင်၊ ၁၄/လပတ(နိုင်) ၀၀၈၉၁၁၊  မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မကြူဇာလီဝင့်၊ ၁၄/ဗဟန(နိုင်)၀၈၈၂၉၅၊   စာရင်းကိုင်၊ စင်ကာပူနိုင်ငံ

အမြဲတမ်းနေရပ်လိပ်စာ

၁၀၂/၅၊ ကုန်သည်လမ်း၊ လပွတ္တာမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊  ဒုတိယဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လပွတ္တာမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

တွံတေးမြို့၊ ရှမ်းစုကြီးမူလတန်းကျောင်း၊ တာမွေအစိုးရအထက်တန်း ကျောင်းတို့တွင် အခြေခံပညာသင်ယူခဲ့သည်။ ဆေးတက္ကသိုလ်(ရန်ကုန်)တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး M.B.B.S ဘွဲ့ရရှိခဲ့သည်။ 
၁၉၈၀ မှ ၁၉၈၈ ထိ လပွတ္တာမြို့၊ မြို့နယ်သမဝါယမဆေးခန်းတွင် ဆရာဝန် အဖြစ် လုပ်ကိုင်ခဲ့သည်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မြို့နယ်ဒုတိယဥက္ကဋ္ဌ၊ တိုင်းစည်းရုံး ရေးကော်မတီ၊ ညီလာခံကျင်းပရေးမှာ တိုင်းဥက္ကဋ္ဌ အလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ 
ဦးသန့် အရေးအခင်းတွင် အလုပ်နှင့် ထောင်ဒဏ် (၃)နှစ်ကျခံခဲ့ရပြီး ၄ လ နေပြီး ပြန်လွတ်ခဲ့ပါသည်။ “၉” လေးလုံးအရေးအခင်းမှာ မြောင်းမြထောင်၌ (၂)နှစ်ကျခံခဲ့ရသည်။