|
အမည် |
ဦးမင်းသူ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ရှမ်း/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မကန(နိုင်)ဝ၇၉၇၇၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၀-၈-၁၉၆၁/(၅၃) နှစ် |
|
မွေးဖွားရာဇာတိ |
ရေပူရပ်၊ မိုးကုတ်မြို့ |
|
ပညာအရည်အချင်း |
စိုက်ပျိူရေးလုပ်ငန်း ဒီပလိုမာ၊ သိပ္ပံဘွဲ့(ဓာတုဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ကျောက်မျက်လုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှအောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ကြည်၊၉/မကန(နိုင်) ၀၁၁၃၉၀၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ကြည်ဝင်း၊၉/မကန(နိုင်) ၀၁၁၃၂၁၊ ကျောက်မျက်အရောင်းအဝယ် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မရွှေရည်မင်းသူ၊ ၉/မကန(နိုင်) ၁၀၅၂၇၄၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၄၈)ရပ်ကွက်၊ ရေပူရပ်၊ မိုးကုတ်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဥတ္တရသီရိမြို့နယ် (ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၀-၈-၁၉၆၁ တွင် အဘ ဦးလှအောင် ၊ အမိ ဒေါ်ခင်ကြည်တို့မှ မိုးကုတ်မြို့နယ် ရေပူရပ်တွင်မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ နှစ်ဦးအနက် အကြီးဆုံးသား ဖြစ်သည်။၁၉၆၇ ခုနှစ်တွင် အမှတ်(၁၈) ရေပူ အမက၌ စတင်ပညာသင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ မိုးကုတ် အထက(၁)၌ အခြေခံပညာ၊ အထက်တန်း ပညာ အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပြီး ၁၉၇၉ခုနှစ်တွင် မန္တလေး ဒေသကောလိပ် ပထမနှစ် ၊ ၁၉၈၀ ခုနှစ်တွင် ဒုတိယနှစ်ပညာသင်ကြားခဲ့ပြီး ၊ စိုက်ပျိုးရေး လုပ်ငန်း အတက်ပညာ ဒီပလိုမာ ရရှိခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သိပ္ပံဓာတုဘွဲ့ ရရှိသည်အထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၃မှစ၍ မိရိုးဖလာ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ရေပူကျေးရွာ လူငယ်လူမှုရေး အဖွဲ့ခေါင်းဆောင်၊ ကျေးရွာသမဝါယမ အသင်းအမှုဆောင်တွဲဘက် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါသည်။ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံး) အရေးတော်ပုံကြီးတွင် မိုးကုတ်မြို့နယ်၌ စတင်ပေါ်ပေါက်လာအောင် စတင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်ဖြစ်ခဲ့ပြီး ဗဟိုကော်မတီဝင်၊ မြို့နယ်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၊၁၉၈၉ခုနှစ် မိုးကုတ်မြို့နယ် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်မှုကြောင့် ၁၉၉၁မှ ၁၉၉၃ အထိအရေးပေါ် ပုဒ်မ ၅ (ည)ဖြင့် ထောင်ဒဏ်(၃)နှစ်အပြစ် ပေးခံရပြီး ၂၀၀၂ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မိုးကုတ်မြို့နယ် လူငယ် စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်၊ မေလလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့နယ် ခရီးစဥ် ကြိုဆိုဆောင်ရွက်မှု ၊ ဒီပဲယင်းအရေးအခင်း ဆက်စပ်မှုများဖြင့် ၂၀၀၄ ခုနှစ် ၊ ဇန်နဝါရီလအထိမန္တလေး အိုးဘိုထောင်၌ ထိန်းသိမ်းခံရပြီး ၂၀၀၇ ခုနှစ်မှ ၁၃-၁-၂၀၁၂ခုနှစ်အထိ ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြခြင်း ၊ သံဃာတော်များ မေတ္တာပို့ စုဝေးချီတက် ရွတ်ဆိုပွဲများတွင် ပါဝင် ပတ်သက်မှုကြောင့် ပုဒ်မ၅၀၅(ခ) ၊ ၂၉၅(က)၊၁၄၇ ၊ ၁၄၉၊၁၅၂ တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေး ခံခဲ့ရပါသည်။ ၁၃-၁-၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဥ်းထောင်မှ လွတ်မြောက်လာပြီး ဧပြီလ(၁) ရက်နေ့တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲ၌ နေပြည်တော် ဥတ္တရသီရိမြို့နယ် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ် ခံခဲ့ရပါသည်။ |
