ဦးကျော်မင်းလှိုင်( ဥတ္တရသီရိ မဲဆန္ဒနယ်)

အမည်

ဦးကျော်မင်းလှိုင်

အခြားအမည်

ကိုမင်းမင်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/သကန(နိုင်)၀၈၃၃၅၀

မွေးသက္ကရာဇ်/အသက်

၂၀-၅-၁၉၇၇/(၃၈)နှစ်

မွေးဖွားရာဇာတိ

အင်းမ၊ သဲကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့၊ ရူပဗေဒဘာသာရပ်အဓိက

လက်ရှိအလုပ်အကိုင်

အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစံကြီး၊ ၇/သကန(နိုင်)၀၁၄၂၁၁၊လယ်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းသန်း (ကွယ်လွန်)၊ ၇/သကန(နိုင်)၀၁၄၃၃၀    

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဝင်းပပအောင်၊ ၉/ပမန(နိုင်)၁၂၄၅၃၉၊အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကောင်းခန့်ကျော် (ကျောင်းသား)

(၂) မလှိုင်ဝင့်ဝါအောင်(မူကြို)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၇၄၁၇)၊ နေကြာလမ်း၊ ဇဝနသိဒ္ဓိ ရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဥတ္တရသီရိမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၈၄ ခုနှစ်မှ ၁၉၉၂ခုနှစ်အထိ အ.လ.ကကန်ကြီး သဲကုန်းမြို့တွင်လည်ကောင်း၊ ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ အ.ထ.ကသဲကုန်းမြို့ တွင်လည်းကောင်းသင်ယူခဲ့သည်။ ပြည်တက္ကသိုလ်သို့ တက်ရောက်ခဲ့ရာ၂၀၀၂ ခုနှစ်တွင် ရူပဗေဒဘာသာရပ်အဓိကနှင့် ဘွဲ့ရရှိခဲ့သည်။ 
        ၁၉၉၇ ခုနှစ် မှ ၂၀၀၂ ခုနှစ်အထိ သဲကုန်းမြို့နယ်၊ စည်ပင်သာယာရေး ဦးစီးဌာနတွင် ဝန်ထမ်းအဖြစ်လည်းကောင်း၊ ၂၀၀၃ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ကုမ္ပဏီဝန်ထမ်းအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ယနေ့အထိအုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးလုပ်ငန်းကိုလည်းကောင်းလုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဥတ္တရသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်၊ ဘဏ္ဍာရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။