ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အမည်

ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ကြည်း ၁၉၅၃၆

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ပခန(နိုင်)၀၀၇၇၉၀

မွေးသက္ကရာဇ်/အသက်

၃-၁-၁၉၆၂/(၅၅)နှစ်

မွေးဖွားရာဇာတိ

ရေဦးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့(ရူပဗေဒ)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်းအမှတ်(၁၁)၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း 

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ဝ (ကွယ်လွန်)၊ တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စပ် (ကွယ်လွန်)၊ တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းလောင်ခမ်း၊ ၇/ပခန(နိုင်)၁၆၈၃၇၈၊  အလယ်တန်းပြဆရာမ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)    ဒေါက်တာဇေယျာမြင့်အောင်၊  ၁၃/ကတန(နိုင်)၁၅၇၅၉၅၊ သွားဆရာဝန်၊ မန္တလေးတိုင်းဒေသကြီး

 (၂)    မနန်းအိန္ဒြာမြင့်အောင်၊ ၁၃/ကတန(နိုင်) ၁၅၇၆၁၅၊ ကျောင်းသူ၊ နည်းပညာ တက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး 

 (၃) မနန်းသဉ္ဇာမြင့်အောင်၊ ၁၃/ကတန(နိုင်) ၁၅၇၆၁၄၊ ကျောင်းသူ၊ နည်းပညာ တက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ ကျိုင်းတုံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(ပထမအကြိမ်)

 

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.ထ.က(၁)၊ ရေဦးမြို့တွင် သင်ကြားခဲ့သည်။ ထို့နောက် ရွှေဘိုဒေသကောလိပ်(ရွှေဘိုမြို့)၊ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်(မန္တလေးမြို့)တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(ရူပဗေဒ)ကို ရရှိခဲ့ပါသည်။ သမဝါယမဦးစီးဌာန(ရေဦးမြို့)တွင် ဒုအသင်းစုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
 ခမရ(၇) ပဲခူးမြို့တွင် ဒုဗိုလ်မှ ဗိုလ်ကြီး၊ ရပခ တောင်ကြီးတွင် ဗိုလ်ကြီး၊ ခမရ(၁၅) မြင်းခြံမြို့၊ ရမခ လားရှိုးမြို့နှင့် ခမရ(၃၂၄) နမ္မတူမြို့တို့တွင် ဗိုလ်မှူး၊ ခလရ (၁၃၇) မချမ်းဘောမြို့နှင့်  တတက(၁၁) ကျိုင်းတုံမြို့တို့တွင် ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်အသီးသီး ယနေ့အထိ ထမ်းဆောင်လျက်ရှိသည်။ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းတို့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ 
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(၈၉)ကို ရရှိခဲ့ပါသည်။