ဗိုလ်မှူးကြီး ခင်မောင်ထွန်း(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးကြီး ခင်မောင်ထွန်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ကြည်း ၁၉၃၀၇

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဒဂန(နိုင်)၀၂၆၈၈၄

မွေးသက္ကရာဇ်/အသက်

၂၈-၉-၁၉၆၃/(၅၃)နှစ်

မွေးဖွားရာဇာတိ

သပြေပင်ရွာ၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(မြန်မာစာ)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဒုတိယကျောင်းအုပ်ကြီး၊ တတက(၁)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်ကို (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းကြည် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်စိုး၊ ၁၂/ဒဂန(နိုင်)၀၂၆၈၉၁၊ အလယ်တန်းပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ထွန်းပြည်စိုး၊ ၁၀/မဒန(နိုင်) ၁၇၈၃၈၇၊ ရေကြောင်းအင်ဂျင်နီယာ (တတိယတန်း) 

(၂)  မမီမီစိုးထွန်း၊ ၁၂/ကမတ(နိုင်) ၀၇၀၉၉၂၊ အင်ဂျင်နီယာဘွဲ့(ဗိသုကာ)

အမြဲတမ်းနေရပ်လိပ်စာ

တတက(၁)၊ ဂျိုးဖြူ၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(ပထမအကြိမ်)

 

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ.ထ.က(၃)၊လယ်ဝေး၊ အမှတ်(၂)ဒေသကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့(မြန်မာစာ)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)တို့ကို ရရှိခဲ့ပါသည်။
စစ်မှုထမ်းအဖြစ် ခလရ(၉၆) ကျိုက်ထိုမြို့၊ ခမရ(၆) အုတ်ဖိုမြို့၊ ခလရ(၂၂၁) မိုင်းဖြတ်မြို့၊ ဗသက(ဗထူး) ဗထူးတပ်မြို့၊ ကကကျင့် ရန်ကုန်မြို့၊ ခလရ(၉)  လွိုင်လင်မြို့၊ လကခ ရန်ကုန်မြို့၊ ခလရ (၂၃၇) ဗန်းမော်မြို့၊ ခမရ(၂၁၀)မုဒုံမြို့၊ ကကအင်(နေပြည်တော်)၊ ရတခ(မော်လမြိုင်မြို့)၊ တတက (၁၃) သပိတ်ကျင်းမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါပြီး ယနေ့အထိ တတက(၁)ဂျိုးဖြူတွင် ဒုတိယကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။