ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)

အမည်

ဦးကျော်မင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/လပတ (နိုင်) ၀၂၆၆၀၇

မွေးသက္ကရာဇ်/အသက်

၂၀-၆-၁၉၆၁/(၅၄) နှစ်

မွေးဖွားရာဇာတိ

ကမ်းနားစုကျေးရွာ၊ ဝါးရုံပင်ဇင်းကျေးရွာအုပ်စု၊ လက်ပံတန်းမြို့နယ်

ပညာအရည်အချင်း

B.Sc (Maths;)

လက်ရှိအလုပ်အကိုင်

ဆန်စက်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးချစ်၊ ၇/လပတ (နိုင်) ၀၂၆၁၆၈၊ ဆန်စက်လုပ်ငန်း

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြကျင်၊ ၇/လပတ (နိုင်) ၀၂၇၁၂၅၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်စန်း၊ ၇/သဝတ(နိုင်) ၀၆၅၄၈၅၊ ဈေးရောင်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအေးမြတ်သူ၊ ၇/လပတ (နိုင်) ၁၅၈၃၇၂၊ တတိယနှစ်၊ ဥပဒေ
(၂) မဆုသဇင်၊ ၇/လပတ (နိုင်) ၁၆၃၇၀၄၊ နဝမတန်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၈)၊ ဘီးလင်းတန်းလမ်း၊ ဘီးလင်းတန်းရပ်ကွက်၊ လက်ပံတန်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လက်ပံတန်းမြို့နယ်၊ (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ.မ.က ကမ်းနားစု၊ အ.လ.က(မြို့မ)၊ အ.ထ.က(ခွဲ) ဖိုးခေါင်စု၊ အ.ထ.က(၂) လက်ပံတန်းတို့တွင် အခြေခံပညာ သင်ကြားခဲ့သည်။ ထို့နောက် ဒေသကောလိပ် (လှိုင်)၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့ပြီး B.Sc (Maths)ဘွဲ့ကို ရရှိခဲ့သည်။

အကျဉ်းဦးစီးရုံးချုပ်(ရွာမ)တွင် စာရေးဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟို ကော်မတီဝင်အဖြစ် အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါ သည်။