ဦးတင်အေး (တံတားဦး)

အမည်

ဦးတင်အေး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

အေအီး -၂၁၃၈၄၉

၆/မအရ(နိုင်) ၀၃၇၃၄၂

မွေးသက္ကရာဇ်/အသက်

၂၀-၁၀-၁၉၄၅ / (၆၅) နှစ်

မွေးဖွားရာဇာတိ

လက်ဆောင်ယူကျေးရွာ၊ တံတားဦးမြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစံတင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်အုန်း၊ ၆/မအရ (နိုင်) ၀၀၄၃၄၇၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမိုးမိုးအေး၊ ၆/မအရ (နိုင်) ၀၀၄၃၄၅၊ ကုန်သည်

(၂) မောင်ဇော်မင်းအေး၊ ၃/သတန(နိုင်) ၀၀၀၀၇၃၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း

(၃) မောင်ဥက္ကာအေး၊ ၃/သတန(နိုင်) ၀၀၀၇၄၊ စစ်မှုထမ်း (ငြိမ်း)၊ ကုမ္ပဏီ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (အေ/၆)၊ ရာဖသင်္ဂဟလမ်း၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တံတားဦး မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မန္တလေးမြို့၊ ABM အ-ထ-က၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မြို့နယ် အ-ထ-က (၁)၊ မန္တလေးမြို့၊ BTN ဗုဒ္ဓသာသန နုဂ္ဂဟ အ-ထ-က တို့တွင် သင်ကြားခဲ့သည်။ ဝိဇ္ဇာဘွဲ့ကို ပြင်ဦးလွင် စစ်တက္ကသိုလ်မှ ရရှိခဲ့ သည်။

၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ဒုဗိုလ်၊ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခံရသည်။ ခလရ (၁၁)၊ ခလရ (၂၀)၊ ဗသက၊ ခမရ (၁၁)၊ တမခ (၅၅)၊ ခလရ (၇၃) တို့တွင် ဒုဗိုလ်မှ ဗိုလ်မှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ခလရ (၁၇) ၌ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဒုတိယ ဗိုလ်မှူးကြီး၊ တပ်ရင်းမှူးနှင့် မြိတ်မြို့နယ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်များကိုလည်းကောင်း၊ လပခတွင် စစ်ဦးစီးမှူး (ပထမတန်း)၊ တမခ( ၁၀၁) တွင် နည်းဗျူဟာမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (မြိတ်) တွင် ဒေသကွပ်ကဲရေးမှူး၊ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တွင် စစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပဲခူးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌနှင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် (ကာကွယ်ရေး ဝန်ကြီး ဌာန) တို့တွင် ဒုတိယဗိုလ်ချုပ်ကြီးအထိ အဆင့်ဆင့် တာဝန် ထမ်းဆောင် ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးပေါင်း (၁၅) ခု ရရှိခဲ့သည်။ ၎င်းတို့တွင် မိုင်းယန်း/မဲသဝေါတိုက်ပွဲ တံဆိပ်၊ တပ်မတော် ဂုဏ်ထူးဆောင် အမှုထမ်း တံဆိပ် (တတိယဆင့်)၊ နိုင်ငံအကျိုးဆောင် တံဆိပ်၊ စစ်ပွဲတံဆိပ်၊ တပ်မတော် ရွှေရတုနှစ် တံဆိပ်နှင့် မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟ တံဆိပ်တို့ ပါဝင်သည်။