|
အမည် |
ဦးဘုန်းဆွေ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/အတန(နိုင်) ၀၀၄၈၂၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၃-၅-၁၉၅၄ / (၄၆) နှစ် |
|
မွေးဖွားရာဇာတိ |
နမ္မားကျေးရွာ၊ မိုးညှင်းမြို့နယ် |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး) |
|
လက်ရှိအလုပ်အကိုင် |
ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသာဆင့်၊ MNN- ၀၁၈၁၄၀၊ မြို့နယ်သမဝါယမဌာန၊ ဌာနမှူး (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အုန်းမြိုင်၊ ၁/မကတ(နိုင်) ၀၀၇၉၈၁၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စမ်းစမ်းဝေ၊ ၁၃/လခန(နိုင်) ၀၂၀၆၅၈၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မမေဇာနည်ဘုန်းဆွေ၊ ၁၀/သဖန(နိုင်) ၁၀၃၉၉၀၊ အရောင်းအဝယ်လုပ်ငန်း (၂) မမေဒါလီဘုန်းဆွေ၊ ၁၃/ဖခန(နိုင်) ၀၄၃၈၂၄၊ ဒု-ရဲအုပ်၊ မှုခင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ |
|
အမြဲတမ်းနေရပ်လိပ်စာ |
စီ-၁၀၁၇၊ မဟာဇေယျလမ်းနှင့် သာယာရွှေပြည် လမ်းဒေါင့်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇမ္မူသီရိမြို့၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုးကောင်း မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို နမ္မား အ-ထ-က မိုးညှင်းမြို့နယ်နှင့် ဝိဇ္ဇာနှင့် သိပ္ပံအထက်တန်းကျောင်း မိုးကောင်းမြို့တွင် အောင်မြင်ခဲ့သည်။ ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး B.Sc (D.S.A), M.A (Defence) ဘွဲ့ကို ရရှိခဲ့သည်။ ခလရ (၃) တပ်စုမှူးမှ တပ်ရေးဗိုလ်ကြီးအဖြစ်လည်းကောင်း၊ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတပ်စုမှူးမှ လေ့ကျင့်ရေး တပ်ရေးဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ခလရ (၄၈) တွင် တပ်ထောက်ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ခလရ (၆၄) တွင် တပ်ခွဲမှူး ဗိုလ်မှူးမှ ဌာနချုပ်တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ တမခ (၉၉) ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ခလရ (၂၄၀) တွင် ဒုတပ်ရင်းမှူးမှ ခေတ္တတပ်ရင်းမှူးအဖြစ် လည်းကောင်း၊ ခလရ (၃၁) တွင် ယာယီတပ်ရင်းမှူးမှ တပ်ရင်းမှူး အဖြစ်လည်းကောင်း၊ ရတခတွင် စစ်ဦးမှူး (ပထမတန်း) အဖြစ်လည်းကောင်း၊ စကခ(၇) တွင် ယာယီ နည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒကစ (ပြည်) နှင့် ဒကစ (စစ်တွေ) တွင် ဒကစမှူးအဖြစ်လည်းကောင်း၊ စကခ (၁၈) တွင် စကခမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် ယနေ့အထိ ဒုတိယ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ အင်ဒိုးနီးရှာ၊ ဘာလီကျွန်း၊ အကြမ်းဖက်နှိမ်နင်းရေး ဝန်ကြီး အဆင့် အစည်းအဝေး၊ အိန္ဒိယ၊ နယူးဒေလီ၊ မြန်မာ- အိန္ဒိယ နယ်စပ်ဘက် အစည်းအဝေး၊ အိန္ဒိယ နယူးဒေလီ အကြမ်းဖက်မှု နှင့် နိုင်ငံဖြတ်ကျော်မှုဆိုင်ရာ အစည်းအဝေး၊ ဗီယက်နမ်၊ ဟနွိုင်း နိုင်ငံဖြတ်ကျော်မှုဆိုင်ရာ အစည်းအဝေး၊ တရုတ်နိုင်ငံ၊ ဘေကျင်း၊ မြန်မာ-တရုတ်နိုင်ငံ ဘိန်းအစားထိုး ဖွံ့ဖြိုးရေး အစည်းအဝေး၊ အိန္ဒိယ၊ နယူးဒေလီ၊ မြန်မာ-အိန္ဒိယ နယ်ဘက် အာဏာပိုင်များ ဆိုင်ရာ အစည်းအဝေး၊ တရုတ်၊ ဘေကျင်း၊ နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးနှင့် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစည်းအဝေး၊ တရုတ်၊ ယူနန်၊ တရုတ်နိုင်ငံမှ လုံခြုံရေးပစ္စည်း လွှဲပြောင်း လက်ခံခြင်း ခရီးစဉ်၊ အိန္ဒိယ၊ နယူးဒေလီ (မြန်မာ- အိန္ဒိယ နယ်စပ်) အာဏာပိုင်များဆိုင်ရာ အစည်းအဝေးများနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ခရီးစဉ်များသို့ လိုက်ပါခဲ့ပါသည်။ |
