ဦးအုန်းမြင့် ( ဖားကန့်မဲဆန္ဒနယ်)

အမည်

ဦးအုန်းမြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂ /ရကန (နိုင်) ၀၁၀၄၄၂

မွေးသက္ကရာဇ်/အသက်

၂၉-၁၀-၁၉၅၄ / (၅၆)နှစ်

မွေးဖွားရာဇာတိ

စင်မတော်ကျေးရွာ၊ တံတားမြို့နယ်ခွဲ၊ ကျောက်တန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)

သိပ္ပံဘွဲ့၊ အထက်တန်းရှေ့နေ

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း (အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသောင်းညွန့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

‌ဒေါ်ခင်သန်း၊ KTN -၀၃၂၇၆၃

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နုနုဆွေ၊ ၁၂/ရကန(နိုင်) ၀၁၀၄၄၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဦးကျော်သီဟ၊ ၁၀/သဖရ (နိုင်) ၀၉၁၉၂၁၊ မန်နေဂျင်းဒါရိုက်တာ (မြန်မာဝင်းဂိတ် ကုမ္ပဏီ လီမိတက်)

(၂) ဒေါ်သီရိဆွေ၊ ၁၀/သဖရ (နိုင်) ၁၀၆၆၅၉၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၅၁) ၊ ငြိမ်းချမ်းသာယာရပ်၊ လုံးခင်းကျေးရွာ၊ ဖားကန့်မြို့နယ်၊

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖားကန့်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို အ-မ-က (စင်မကော်)၊ အ-လ-က (တံတားရွာ) နှင့် အ-ထ-က (၃) ပုသိမ်မြို့ တို့တွင် ဆည်းပူးအောင်မြင်ခဲ့သည်။ စိုက်ပျိုးရေး တက္ကသိုလ်၊ မန္တလေးမြို့နှင့် ပြင်ဦးလွင် စစ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး M.A (Defence), B.Sc နှင့် အထက်တန်းရှေ့နေဘွဲ့ကို ရရှိခဲ့သည်။

ခမရ (၃၀၈)၊ ပုသိမ်မြို့တွင် ဒုတိယဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ခလရ (၁၃) ချောက်မြို့၊ ခလရ (၁၁၃) ဝင်းပ (သိမ်ဆိပ်)၊ မတရ၊ ရန်ကုန်တို့တွင် ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ခလရ (၉၇)၊ ကော့်ကရိတ်မြို့တွင် မှူး/ကေ အဖြစ်လည်းကောင်း၊ တမခ (၄၄)၊ သထုံမြို့၊ ခလရ (၂၄၇) နမ့်စန်မြို့နှင့် ခလရ (၆၂) သံဖြူဇရပ်မြို့တို့တွင် ဗိုလ်မှူး အဖြစ်လည်းကောင်း၊ ခလရ (၆၂) သံဖြူဇရပ်မြို့၊ နကတ၊ ရန်ကုန်မြို့၊ ကရခ၊ မြိတ်မြို့တို့တွင် ဒုဗိုလ်မှူးကြီးအဖြစ် လည်းကောင်း၊ ကရခ မြိုတ်မြို့၊ စကခ (၆) ပျဉ်းမနားမြို့၊ တမခ(၈၈) မကွေးမြို့တို့တွင် ဗိုလ်မှူးကြီးအဖြစ် လည်းကောင်း၊ တမခ (၈၈) မကွေးမြို့၊ စတသ ပြင်ဦးလွင်မြို့၊ ကရခ မြိတ်မြို့တို့တွင် ဗိုလ်မှူးချုပ်အဖြစ် လည်းကောင်း၊ ကရခ မြိတ်မြို့နှင့် မပခ မြစ်ကြီးနားမြို့တို့တွင် ဗိုလ်ချုပ်အဖြစ်နှင့် ကကန (နေပြည်တော်) တွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ် အေးချမ်သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော စစ်မှုထမ်းကောင်တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော်အေးချမ်သာယာရေး တံဆိပ်၊ မိုင်းယမ်း-မဲသဝေါ တိုက်ပွဲဝင်တံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ တပ်မတော် ဂုဏ်ထူးဆောင် တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ နိုင်ငံတော်အကျိုးဆောင် တံဆိပ်၊ စစ်ပွဲ တံဆိပ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း တံဆိပ်၊ (၁၅) နှစ်၊ နှစ် (၃၀) စစ်ဦးစီးတက္ကသိုလ် သင်တန်းတံဆိပ်၊ ခြေလျင် တပ်ရင်းမှူး သင်တန်းတံဆိပ်၊ ဂုဏ်ထူးဆောင် စစ်ရေယာဉ်မှူးတံဆိပ်၊ လေသူရဲတောင်ပံတံဆိပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂုဏ်ထူးဆောင် တံဆိပ်နှင့် မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်များကို ရရှိခဲ့သည်။