ဦးသိန်းဇော်(မြစ်ကြီးနား မဲဆန္ဒနယ်)

အမည်

ဦးသိန်းဇော်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/ကထန(နိုင်)၀၀၉၂၆၉

မွေးသက္ကရာဇ်/အသက်

၂၀-၁၀-၁၉၅၁/ (၅၉) နှစ်

မွေးဖွားရာဇာတိ

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

ပညာအရည်အချင်း

B.Sc (D.S.A)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်မောင်ကလေး၊ ပြည်နယ်တရားသူကြီး(ငြိမ်း) (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရင်မေ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မူမူဝင်း၊၁၀/ကထန(နိုင်) ၀၀၉၀၅၈၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါ်အိသန္တာဇော်၊ ၁/မကန(နိုင်) ၀၀၁၆၁၉၊ ဒါရိုက်တာ၊ အမွှာသတ္တုတူးဖော်ရေးကုမ္ပဏီ
(၂)
ဒေါ်မေဇော်ခိုင်၊ ၁၀/ကထန(နိုင်) ၀၆၇၇၀၈၊ ဒါရိုက်တာ၊ မိဘဂုဏ်ရည်ရောင်းဝယ်ရေးကုမ္ပဏီ
(၃)
ဦးဇော်မိုးထက်၊ ၁၀/ကထန(နိုင်) ၀၆၇၇၀၉၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ရာဇာအထွေထွေရောင်းဝယ်ရေး ကုမ္ပဏီ
(၄)
ဗိုလ်ကြီးမိုးဇော်၊ ကြည်း/ ၃၇၆၅၇၊ စစ်မှုထမ်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၀၉၇)၊ ပုဗ္ပသီရိမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြစ်ကြီးနားမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို KBHS မြစ်ကြီးမြို့၊ အ-လ-က နှင့် အ-ထ-က (၁) မြစ်ကြီးနားမြို့တွင် အောင်မြင်ခဲ့သည်။ (၁၉၆၈ မှ ၇၂ ထိ) စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီ B.Sc (D.S.A) ဘွဲ့ကို ရရှိခဲ့သည်။ ခလရ (၂၄) တွင် ဒုဗိုလ်အဖြစ်လည်းကောင်း၊ ခလရ (၆) တွင် ဗိုလ်နှင့် ဗိုလ်ကြီး အဖြစ်လည်းကောင်း၊ ခလရ (၉၁) (က-သ-က)၊ ခလရ (၃၉)၊ ချင်း (၁) တွင် ဗိုလ်မှူးအဖြစ် လည်းကောင်း၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခလရ (၂) တွင် ဗိုလ်မှူး (ဒုတိယတပ်ရင်းမှူး) အဖြစ်လည်းကောင်း၊ ခလရ (၃၆) တွင် ယာယီတပ်ရင်းမှူးနှင့် ဒုတိယဗိုလ်မှူးကြီး (တပ်ရင်းမှူး) အဖြစ်လည်းကောင်း၊ တ-မ-ခ (၇၇) တွင် စစ်ဦးစီးမှူး (ပထမတန်း) အဖြစ်လည်းကောင်း၊ စဗခ(၁) တွင် ယာယီစစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ စဗခ (၁) တွင် ဗိုလ်မှူးကြီး (စစ်ဗျူဟာမှူး) အဖြစ်လည်းကောင်း၊ တ-ယ-က (မကွေးတိုင်း) တွင် စစ်ဗျူဟာမှူး (ဥက္ကဋ္ဌ) အဖြစ်လည်းကောင်း၊ တ-ယ-က (မကွေးတိုင်း) တွင် ဗိုလ်မှူးချုပ် (ဥက္ကဋ္ဌ) အဖြစ်လည်းကောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ဗိုလ်မှူးချုပ် (ဝန်ကြီး) အဖြစ်လည်းကောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနတွင် ဗိုလ်မှူးချုပ် (ဝန်ကြီး)နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန်ကို ယနေ့ထိ ထမ်းဆောင်လျက် ရှိသည်။