|
အမည် |
ဦးယိန်းဘောမ် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ကချင် (လာချိဒ်)/ ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁/ဝမန(နိုင်)၀၀၃၃၂၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၁၂-၁၉၃၇/ (၇၃) နှစ် |
|
မွေးဖွားရာဇာတိ |
ရှငေါ်ကျေးရွာ၊ ဝိုင်းမော်မြို့နယ် |
|
ပညာအရည်အချင်း |
သတ္တမတန်း |
|
လက်ရှိအလုပ်အကိုင် |
တောင်သူ၊ ဈေးရောင်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကျန်းယိန်း၊ တောင်သူ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဟောင်းနော၊ တောင်သူ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဇောင်းနန်း၊ တောင်သူ၊ ဈေးရောင်း (ကွယ်လွန်) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဦးဘောမ်ယိန်း၊ ၁/၀မန(နိုင်) ၀၀၃၃၂၈၊ ခရိုင်ပြန်/ဆက်(ဦးစီးအရာရှိ) |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၆၀၁)၊ အမှတ်(၁)ရပ်ကွက်၊ ဝိုင်းမော်မြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝိုင်းမော် မြို့နယ် (ပထမကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို အ.မ.က ရှငေါ် မန်ဝိန်း၊ ဝိုင်းမော်မြို့နယ်နှင့် မန်ခိန် အ.ထ.ကတွင် ပညာ သင်ကြားခဲ့သည်။ အ.မ.က နောင်နန်း၊ မြစ်ကြီးနားမြို့တွင် မူလတန်းပြအဖြစ်လည်းကောင်း၊ အ.မ.က မန်ဒေါင် မြို့နယ်တွင် မူလတန်းကျောင်းအုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ မြို့နယ်ပြည်သူ့ကောင်စီတွင် အမှုဆောင်အဖြစ်လည်းကောင်း၊ လုပ်ငန်း စစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြို့နယ်ပါတီယူနစ်တွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ အလုပ်သမား အစည်းအရုံးတွင် ဥက္ကဋ္ဌတာဝန် ဆောင်ရွက်ခဲ့သည်။ တရားသောစစ် အောင်နိုင်ရေး ကော်မတီအဖြစ်လည်းကောင်း၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများ၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ရပ်ရွာသာရေး၊ နာရေးတွင် ပါဝင်လုပ်ဆောင်ခဲ့ခြင်း၊ နယ်နှစ်ခြင်းအဖွဲ့ချုပ် ဘဏ္ဍာရေး တာဝန်နှင့် အမှုဆောင် ကော်မတီဝင်များ/ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ခလရ(၁၅)တပ်ရင်း၊ မဆာ့ခင်ဒူ စစ်ဆင်ရေးနှင့် ခလရ(၅၈)တပ်ရင်းနှင့် အင်ဒုံတောင် စစ်ဆင်ရေးအပြင် ကန်ပိုင်တီ စစ်ဆင်ရေး၌ ခလရ(၄၀)နှင့် ပူးပေါင်းပါဝင် ကူညီခဲ့သည်။ |
