ဒေါ်ဒွဲဘူ(အင်ဂျန်းယန် မဲဆန္ဒနယ်)

အမည်

ဒေါ်ဒွဲဘူ

အခြားအမည်

ဒေါ်အင်ဘရန်ဒွဲဘူ

လူမျိုး/ဘာသာ

ကချင်/ ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁/မကန(နိုင်)၀၃၇၄၀၅

မွေးသက္ကရာဇ်/အသက်

၂၆-၃-၁၉၆၂ / (၄၈) နှစ်

မွေးဖွားရာဇာတိ

ကိုက်ထပ်ကျေးရွာ၊ မံစီမြို့နယ်၊ ဗန်းမော်ခရိုင်

ပညာအရည်အချင်း

L.L.B

လက်ရှိအလုပ်အကိုင်

တရားရုံးချုပ်ရှေ့နေ၊ အမှတ်စဉ် (၅၆၀၇)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအင်ဘရန်နော်၊ ကချင်တိုင်းရင်းသား ဆေးဝါးလုပ်ငန်း၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခေါ်န်လွမ်း၊ ကချင်တိုင်းရင်းသား ဆေးဝါးလုပ်ငန်း၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအင်ခွမ်ဘရန်၊ ၁/မကန(နိုင်) ၀၅၃၀၄၀၊ ပန်းချီဆရာ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဇော်ဆိုင်းခွမ်အောင်၊၁/မကန(နိုင်) ၁၄၂၃၇၁၊ ဒုနှစ် (ဥပဒေ)

(၂) မောင်ထွန်ဆန်နော်မိုင်၊ ၁/မကန(နိုင်) ၁၄၂၃၇၂၊ တက္ကသိုလ်ဝင်တန်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၆၆)၊ နောင်ရာရပ်ကွက်၊ စီတာပူ၊ မြစ်ကြီးနားမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အင်ဂျန်းယန်မြို့နယ် (ပထမကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို အ.လ.က ဆင်လမ်း မေမြို့၊ အ.ထ.က(၂) ဗန်းမော်မြို့နှင့် အ.ထ.က(၃) မြစ်ကြီးနားမြို့တို့တွင် ဆည်းပူးအောင်မြင်ခဲ့သည်။ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေနှင့် ရန်ကုန်တက္ကသိုလ် ပင်မတို့တွင် ပညာသင်ကြားခဲ့ပြီး L.L.B ရရှိခဲ့သည်။ တရားရုံးချုပ်ရှေ့နေအဖြစ် လုပ်ကိုင်လျက်ရှိသည်။ အမျိုးသားညီလာခံတွင် တိုင်းရင်းသားအစုအဖွဲ့ခွဲ ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။