ဦးလမာနော်အောင်(အင်ဂျန်းယန် မဲဆန္ဒနယ်)

အမည်

ဦးလမာနော်အောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ကချင်/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁/အဂယ(နိုင်)၀၀၀၃၃၈

မွေးသက္ကရာဇ်/အသက်

၂၆-၉-၁၉၆၁/(၅၄)နှစ်

မွေးဖွားရာဇာတိ

အင်ဂျန်းယန်မြို့၊ ရပ်ကွက်(၃)

ပညာအရည်အချင်း

ဘီအေ(ဒဿနိက)

လက်ရှိအလုပ်အကိုင်

လက်ဖက်ရည်ဆိုင်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလမာတူး၊ (ကွယ်လွန်)၊ SPM-054369၊ကျောင်းဆရာ၊ မြို့နယ်ပါတီယူနစ်ကော်မတီဝင်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အာဘောမ်လု၊ (ကွယ်လွန်)၊ SPM-054370၊တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကရိုင်ရွယ်၊ ၁/မကန(နိုင်)၀၀၁၉၇၈၊လက်ဖက်ရည်ဆိုင်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဆွတ်အိန်၊၁/မကန(နိုင်)၁၆၆၅၈၂၊ကျောင်းသူ

(၂) မဆိုင်းခမ်း၊ ၁/မကန(နိုင်)၂၀၁၁၃၃ ၊ ကျောင်းသူ

(၃) မောင်ဇော်ဘောမ်ဆိုင်၊ ၁/မကန(နိုင်)၂၀၁၅၁၂ ၊ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

သီတာအေး(၁၂၁)၊စီတာပူရပ်ကွက်၊မြစ်ကြီးနား

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ကချင်ပြည်နယ် ဒီမိုကရေစီ၊ ဗဟိုကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အင်ဂျန်းယန်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၇၅ခုနှစ်အထိ အင်ဂျန်းယန်မြို့အလယ်တန်းကျောင်းတွင် သူငယ်တန်းမှ ပဉ္စမတန်းအထိလည်းကောင်း၊ ၁၉၇၆မှ ၁၉၇၉ခုနှစ်အထိ မြစ်ကြီးနားမြို့ မန်ခိန် အထက်တန်း ကျောင်းတွင် ဆဋ္ဌမတန်းမှ နဝမတန်းအထိလည်းကောင်း၊ ၁၉၇၉မှ ၁၉၈၀ ခုနှစ်မြစ်ကြီးနားမြို့ အ.ထ.က(၁)တွင် ဒသမတန်းကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှ (အပြင်ဖြေ)ဖြင့် ဒသမတန်းကို လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ၁၉၈၅ခုနှစ် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)တွင်ဒဿနိကအဓိကဘာသာရပ်ဖြင့် ပထမနှစ်ကိုလည်းကောင်း၊ ၁၉၈၆ခုနှစ်တွင် မြစ်ကြီးနားကောလိပ်၌ဒုတိယနှစ်ကိုလည်းကောင်း၊၁၉၈၇မှ၁၉၈၉ခုနှစ်တွင် မန္တလေးတက္ကသိုလ်၌ တတိယနှစ်နှင့် စတုတ္ထနှစ်ကို တက်ရောက်ခဲ့ပြီး ဒဿနိက အဓိက ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါသည်။ ကြက်မွေးမြူခြင်း၊ ငါးမွေးမြူခြင်း၊ နှင်းဆီပန်းစိုက်ပျိုးခြင်း၊ လယ်ယာ၊နှစ်ရှည်ပင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၆မှ ၁၉၈၈ခုနှစ်တွင် အင်ဂျန်းယန်မြို့နယ် လမ်းစဉ်လူငယ်စာရေး အဖြစ်လည်းကောင်း၊ ၂၀၀၅မှ ၂၀၀၆ခုနှစ်တွင် စီတာပူ ရပ်ကွက်၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စီတာပူရပ်ကွက် အထောက်အကူပြုကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံရေး၊လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များအနေဖြင့် (၆၃)နှစ်မြောက်နှင့် (၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး(၁) အဖြစ်လည်းကောင်း၊ စီတာပူကသလစ် အသင်းတော် သာသနာ့ အကျိုးဆောင်အဖွဲ့ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ စီတာပူကျောင်းအကျိုး တော်ဆောင် ကော်မတီဝင် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီးရပ်ကွက်၊ သာရေး/နာရေးတွင် ကူညီဆောင်ရွက်လျက်ရှိပါသည်။