|
အမည် |
ဦးအင်ထုံးခါးနော်ဆမ် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ကချင်/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁/မကန(နိုင်)၀၇၃၃၇၄ |
|
မွေးသက္ကရာဇ်/အသက် |
၃၀-၆-၁၉၅၇/(၅၈)နှစ် |
|
မွေးဖွားရာဇာတိ |
စီတာပူရပ်ကွက်၊ မြစ်ကြီးနားမြို့ |
|
ပညာအရည်အချင်း |
B.Sc (Maths) |
|
လက်ရှိအလုပ်အကိုင် |
စားသောက်ဆိုင်လုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအင်ထုံးခါးဂမ်၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဂျာကန်ထု၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဂျန်မာထုနောင်၊ ၁/မကန(နိုင်)၀၈၃၀၇၁၊ စားသောက်ဆိုင်လုပ်ငန်း |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁)မောင်ဆွတ်မုန်ခေါင်၊ ၁/မကန(နိုင်) ၁၅၄၅၃၆၊ ကျောင်းသား (၂) မဂျာထွယ်ဆမ်၊ ၁/မကန(နိုင်)၁၅၄၄၆၄၊ ကျောင်းသူ (၃)မောင်လတ်ဒင်းနော်၊ ၁/မကန(နိုင်)၁၈၅၅၉၈၊ ကျောင်းသား (၄)မောင်ဇော်ရိန်းလ၊ ၁/မကန(နိုင်)၂၁၄၀၂၈၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
ဂျီဒီ/၂၁၀၊ စီတာပူရပ်ကွက်၊မြစ်ကြီးနားမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် /မြို့နယ်ဒုတိယဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြစ်ကြီးနားမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၉၆၄ခုနှစ်မှ ၁၉၆၈ခုနှစ်အထိ၊ စီတာပူမူလတန်း ကျောင်းတွင် မူလတန်း ပညာကိုလည်းကောင်း၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ၊ အ.ထ.က(၅)အထက်တန်း ကျောင်းတွင် အလယ်တန်းပညာကို လည်းကောင်း၊ ၁၉၇၃ ခုနှစ်မှ ၁၉၇၅ခုနှစ်အထိ အ.ထ.က(၁)တွင် အထက်တန်း ပညာကို လည်းကောင်း၊ ၁၉၇၉ခုနှစ်မှ ၁၉၈၀ခုနှစ် အထိမြစ်ကြီးနားမြို့ဒေသကောလိပ်တွင်လည်ကောင်း၊ ၁၉၈၁ခုနှစ်မှ ၁၉၈၂ခုနှစ် အထိ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် B.Sc (Maths) ဘွဲ့ကိုရရှိခဲ့ပါသည်။ ၁၉၈၅ခုနှစ်မှ ၁၉၉၀ခုနှစ်အထိ ပြည်နယ် ပြန်ကြားရေးရုံး၌ စာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ခုနှစ်မှ ၂၀၀၀ခုနှစ်အထိ ဖားကန့်သို့သွားပြီး ကျောက်စိမ်းအရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်မှ ယနေ့အထိ ကမ်းသာ ရိုးရာစားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်နေပါသည်။ ၂၀၀၈ခုနှစ်မှစ၍ မြစ်ကြီးနားဆရာတော်သာသနာ ဗဟိုသာသနာ့အကျိုးတော်ဆောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင်ကချင်ပြည်နယ် တိုးတက်ရေးပါတီ (ပါတီဖွဲ့ခွင့်မရ)အဖွဲ့ထဲတွင် လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ မေလအထိ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ခုနှစ်မှစ၍ NLD ပါတီတွင် စတင်ဝင်ရောက် ခဲ့ပါသည်။ (၅၈)နှစ်မြောက်မှ (၆၇)နှစ်မြောက်အထိ ကချင်ပြည်နယ်နေ့ မနောပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၃ခုနှစ် မှစ၍ ၂၀၁၄ခုနှစ်အထိ စီတာပူဘုန်းတော်ကြီးတပိုင်၊ သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်၊ သာရေး/နာရေး၊ လူမှုရေးကိစ္စ အဝဝတွင် ကူညီဆောင်ရွက်လျက် ရှိပါသည်။ |
