|
အမည် |
ဦးလင်းလင်းဦး |
|
အခြားအမည် |
ဦးထန်ကီး |
|
လူမျိုး/ဘာသာ |
ချင်းလူမျိုး/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁/တနန(နိုင်)၀၀၈၉၀၅ |
|
မွေးသက္ကရာဇ်/အသက် |
၃၀-၁၁-၁၉၈၃/(၃၂)နှစ် |
|
မွေးဖွားရာဇာတိ |
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
|
ပညာအရည်အချင်း |
ဥပဒေဘွဲ့ |
|
လက်ရှိအလုပ်အကိုင် |
တရားလွှတ်တော်ရှေ့နေ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးချိုင်ထန် (ကွယ်လွန်)၊ ၁/မညန(နိုင်) ၀၇၃၅၀၁၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(အငြိမ်းစား) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးတင်၊ ၁/မညန(နိုင်)၀၇၃၅၄၀၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သဉ္ဇာမျက်ခြယ်၊ ၁/မညန(နိုင်)၁၁၁၅၅၉၊မူလတန်းပြကျောင်းဆရာမ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မောင်သုဝဏ္ဏဦး |
|
အမြဲတမ်းနေရပ်လိပ်စာ |
ဆင်မ့်ဆာ့ရပ်ကွက်၊ တနိုင်းမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုကော်မတီဝင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တနိုင်းမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၉၈၈ မှ ၁၉၉၅အထိ သူငယ်တန်းမှ စတုတ္ထတန်းအထိ မိုးညှင်းမြို့နယ်၊ နမီးစု အ-မ-ကကျောင်း၌လည်းကောင်း၊ ၁၉၉၅ မှ ၁၉၉၈ အထိ ပဉ္စမတန်းမှ သတ္တမတန်းအထိကို တနိုင်း အ-ထ-ကကျောင်း၌လည်းကောင်း၊ ၁၉၉၈ မှ ၁၉၉၉ထိ မိုးမောက် အ.ထ.ကကျောင်း၌ လည်းကောင်း၊ ၁၉၉၉ မှ ၂၀၀၁အထိ မိုးညှင်း အ.ထ.က(၁)၌လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ၂၀၀၂ မှ ၂၀၀၃ထိ မြစ်ကြီးနား အစိုးရနည်းပညာကောလိပ်၌လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၇ထိ မြစ်ကြီးနားတက္ကသိုလ်၌ ဥပဒေပညာကို သင်ကြား ခဲ့ပါသည်။ ယခုအခါ တရားလွှတ်တော် ရှေ့နေတစ်ဦး အဖြစ် အမှုလိုက်ပါဆောင်ရွက် လျက်ရှိပါသည်။ |
