|
အမည် |
ဦးလုံဂျုံဆန်မိုင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ကချင်/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁/မကန(နိုင်)၀၇၇၄၁၀ |
|
မွေးသက္ကရာဇ်/အသက် |
၂၅-၅-၁၉၅၄/(၆၁)နှစ် |
|
မွေးဖွားရာဇာတိ |
ဆွမ်ပရာဘွမ်မြို့၊ အင်ဒိန်ဆမာဒူကျေးရွာ |
|
ပညာအရည်အချင်း |
တတိယနှစ်၊ ဥပဒေအောင်(ဝ/သ တက္ကသိုလ်၊ ရန်ကုန်) |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလုံဂျုံဇော်အောန်း၊ (ကွယ်လွန်) (၁၉၆၈ ခုနှစ်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ထိန်နန်ဂျာမိုင်၊ (ကွယ်လွန်) (၁၉၆၂ ခုနှစ်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခွမ်ဘွဲဂျာခမ်၊၁/မကန(နိုင်)၀၉၂၉၈၂၊ ကျောက်မျက်အချောထည်လုပ်ငန်း |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်လုံဂျုံဇော်ရွမ်ဂျာ (၂) မလုံဂျုံဂျာဆိုင်းငါ (၃) မောင်လုံဂျုံဂျော်ဆင်ဂေါင်နော် (၄) မလုံဂျုံဆွတ်အိန်လု (၅) မလုံဂျုံဂျာဘိမ်းရွယ် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၅)၊ လင်းရောင်ခြည်လမ်း၊ ရန်ကြီးအောင်၊မြစ်ကြီးနားမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဆွမ်ပရာဘွမ်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၉၅၆မှစ၍ ထိန်နန်အလယ်တန်းကျောင်းတွင်လည်းကောင်း၊ ၁၉၇၁ အ.ထ.က(၄)မြစ်ကြီးနားတွင်(၁၀)တန်းအောင်သည်အထိလည်းကောင်း၊ ၁၉၇၁မှ ၁၉၇၄အထိ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တတိယနှစ် ဥပဒေအောင်သည်အထိ တက်ရောက်ပညာသင်ကြားခဲ့ပါသည်။ ကျောက်စိမ်းတူးဖော်ရေး တာဝန်ခံအဖြစ် လောင်ဗျစ်ကုမ္ပဏီ၊ လုံစစ် ကျောက်မျက်အချောထည်လုပ်ငန်း၊ ရန်ကြီးအောင်၊ မြစ်ကြီးနားတွင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံရေး/လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များအနေဖြင့် ဗမာပြည်ကွန်မြူ နစ်ပါတီဝင်အဖြစ်လည်းကောင်း၊ ကချင်အထူးဒေသ(၁)(NDAK) ဒေသလူထု စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ကျေးလက်ရာထူးခန့် ထားရေးဥက္ကဋ္ဌတာဝန်ဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ၂၀၀၄မှ ၂၀၀၇ အထိပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၄ခုနှစ် တက္ကသိုလ်ကျောင်းသားအရေးအခင်းတစ်ခုတွင် ပါဝင်မှုဖြင့် တရားစွဲခြင်းခံခဲ့ရပြီး နောက်တွင် ထောင်ဒဏ်(၈)နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ၁၉၈၀ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်(၁/၈၉) နိုင်ငံတော်၏ကြေငြာချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါသည်။ အမျိုးသားညီလာခံတွင် ဆောင်းပါးစာပေဆု ချီးမြှင့်ခံခဲ့ရပါသည်။ |
