ဦးစိုင်းငေါင်းဆိုင်ဟိန်း( မောက်မယ်မဲဆန္ဒနယ်)

 

အမည်

ဦးစိုင်းငေါင်းဆိုင်ဟိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မနန(နိုင်) ၀၀၁၇၁၄

မွေးသက္ကရာဇ်/အသက်

၁၃..၁၉၇၀ / (၄၀)နှစ်

မွေးဖွားရာဇာတိ

မိုင်းပြင်းမြို့

ပညာအရည်အချင်း

B.A , B.Ed

လက်ရှိအလုပ်အကိုင်

ခြံလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုင်းမြသန်း၊ MMI - ၀၁၃၇၅၁၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းချစ်အေး၊ MMI(နိုင်) ၀၁၃၅၆၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညွန့်စိန်၊ ၁၃/ ရစန (နိုင်) ၀၅၁၄၇၈၊ အလယ်တန်းပြ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

စိုင်းအွန်စံဟိန်း

မြဲတမ်းနေရပ်လိပ်စာ

စျေးတန်းရပ်ကွက်၊ မောက်မယ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မောက်မယ်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မောက်မယ်မြို့ ..က၌ သင်ကြားခဲ့သည်။ စစ်ကိုင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ ( ရွာသစ်ကြီး )တွင် ပညာသင်ကြားခဲ့ပြီး B.A , B.Ed ဘွဲ့ရရှိခဲ့သည်။ မောက်မယ်မြို့ ..က၌ မူလတန်းပြဆရာအဖြစ် လည်းကောင်း၊ ကဒူးကြီးကျေးရွာအုပ်စု နားဟီးကျေးရွာတွင် မူလတန်း ကျောင်းအုပ်အဖြစ်လည်းကောင်း၊ အင်းလေး အ..က (ကြေးစား ကုန်း) အထက်တန်းပြဆရာအဖြစ် လည်းကောင်း၊ မောက်မယ် မြို့နယ် လက်ထောက်ပညာရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်။ မောက်မယ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၌ တွဲဖက်အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိသည်။