|
အမည် |
ဦးအာမိုးဆီ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
လီဆူး/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁/ပတအ(နိုင်)၀၃၀၃၆၀ |
|
မွေးသက္ကရာဇ်/အသက် |
၁၄-၈-၁၉၇၅/(၄၀)နှစ် |
|
မွေးဖွားရာဇာတိ |
ခေါ်ဘူဒဲကျေးရွာ၊ ခေါင်လန်ဖူးမြို့နယ် |
|
ပညာအရည်အချင်း |
ဒုတိယနှစ်(စီးပွားရေး) |
|
လက်ရှိအလုပ်အကိုင် |
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဗဟိုကော်မတီအဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဆီအာယော်၊ PTO-052131၊ တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ငွါးဇာနာ၊ PTO-052132 ၊ တောင်သူ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ငွါးမာဆာ၊ ၁/မကန(နိုင်)၀၉၁၆၃၂၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ဂျွန်မီကို၊ ၁/မကန(နိုင်)၁၉၇၅၀၈၊ ကျောင်းသား (၂) မဂျက်စမီး၊ ၁/မကန(နိုင်)၂၂၁၆၅၈၊ ကျောင်းသူ (၃) မောင်ဂျက်ဆင်မီကို၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၁၃၈၅)၊ လယ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တစ်သီးပုဂ္ဂလ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ခေါင်လန်ဖူးမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ.လ.က နမ်ထွမ်ခူးကျေးရွာ၊ ပဉ္စမတန်းမှ ဒသမတန်း အထိကို အ.ထ.က ပူတာအိုတွင် တက်ရောက် အောင်မြင်ခဲ့ပါသည်။ ပထမနှစ်နှင့် ဒုတိယနှစ်ကို မြစ်ကြီးနား တက္ကသိုလ်တွင် တက်ရောက်ခဲ့ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်စက်ရုံ (ပူတာအို) တွင် စက်ရုံတာဝန်ခံအဖြစ်(၁၂)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လူမှုရေးလုပ်ငန်းများ အနေဖြင့် ဘိုးဘွားများအား ကူညီ ပံ့ပိုးသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းနှင့် လျှပ်စစ်မီးရရှိရေးတွင် ပါဝင် ဆောင်ရွက်ခြင်း၊ လူငယ် များအားအခမဲ့ ပညာသင် ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၂ခုနှစ် ကချင်ပြည်နယ် (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှုအဆိုအကအရေးအတီး ပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်အဖြစ် ဆောင်ရွက် ပေးခဲ့သဖြင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာကိုရရှိခဲ့ပါသည်။ (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အုပ်ချုပ်/နည်းပြအဖြစ် ဆောင်ရွက်ခဲ့သဖြင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရရှိခဲ့ပါသည်။၂၀၁၃ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာရှပစိဖိတ် ဖွံ့ဖြိုးရေး ညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့သည်။ |
