|
အမည် |
ဒေါက်တာခင်ဆောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
တရုတ်+ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/ကထန(နိုင်)၀၆၆၂၆၆ |
|
မွေးသက္ကရာဇ်/အသက် |
၂၅-၃-၁၉၅၆/(၆၀)နှစ် |
|
မွေးဖွားရာဇာတိ |
ကျိုက်ထိုမြို့မြောက်ပိုင်းရပ်၊ |
|
ပညာအရည်အချင်း |
M.B.B.S |
|
လက်ရှိအလုပ်အကိုင် |
ပြင်ပဆေးခန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးရင်ကျောင်၊ ၁၀/ကထန(နိုင်) ၀၇၆၂၅၀၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ရှုခင်၊ ၁၀/ကထန(နိုင်)၀၇၆၂၄၄၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မီမီဆန်း၊၁၀/သထန(နိုင်)၀၈၇၂၄၅၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁)မောင်မျိုးမင်းသူ၊ ၁၀/ကထန(နိုင်)၁၁၈၁၄၂ (၂)မမေသူခင်၊ ၁၀/ကထန(နိုင်)၁၁၈၁၄၃ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၈၈)၊ ကုန်သည်လမ်း၊ မြောက်ပိုင်းရပ်ကျိုက်ထိုမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်ထိုမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို ၁၉၆၁ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ကျိုက်ထိုမြို့ အ.မ.က (၂)နှင့် အ.ထ.က (၁)တွင်လည်းကောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်မြို့ အ.ထ.က (၃) တာမွေတွင်လည်းကောင်း တက်ရောက်ခဲ့သည်။ M.B.B.S ဘွဲ့ ရရှိခဲ့သည်။ ကျိုက်ထိုမြို့တွင် ပြင်ပဆေးခန်းနှင့် ရာဘာခြံလုပ်ငန်းကို လုပ်ကိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်ဦးစီးအဖွဲ့ဝင်နှင့် မွန်ပြည်နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ်ခရီးစဉ်အပြီးတွင် အရေးပေါ်ဥပဒေပုဒ်မ ၅ (ည) အရ ပြစ်ဒဏ်ကျခံရဖူးသည်။ |
