ဦးစောကျော်ဝင်းမောင်( ကျိုက်မရောမဲဆန္ဒနယ်)

အမည်

ဦးစောကျော်ဝင်းမောင်

အခြားအမည်

ဦးကျော်ဝင်းမောင်

လူမျိုး/ဘာသာ

ကရင်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/သဖရ(နိုင်)၀၁၀၉၁၆

မွေးသက္ကရာဇ်/အသက်

၂၁-၁၀-၁၉၅၃/(၆၂)နှစ်

မွေးဖွားရာဇာတိ

ကိုင်းချောင်းကျေးရွာ၊ ကျိုက်လတ်မြို့နယ်

ပညာအရည်အချင်း

B.Ed

လက်ရှိအလုပ်အကိုင်

Project Manager (NGO)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစောကျော်ဧမောင်(ကွယ်လွန်)၊ MUN - ၀၃၆၇၆၇၊ လက်ထောက်ကျန်းမာရေးမှူး

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နော်အားတီ(ကွယ်လွန်)၊ MUN-၀၃၆၇၆၈၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီလာဝင်း၊ ၁၀/မလမ(နိုင်)၀၂၆၄၃၂၊(အထပြ-ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဇေယျာမောင်၊ ၁၀/မလမ(နိုင်)၁၃၃၄၈၆၊ ရော်ဘာခြံလုပ်ငန်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၂)၊ ဗိုလ်မှူးအောင်လမ်း၊ ဗိုလ်စိန်မှန် ရပ်ကွက်၊ ဗဟန်းမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်ကအခြေခံပညာကို သူငယ်တန်းမှ ဒသမတန်းအထိ အ.ထ.က လေးအိမ်စုရွာ၊ မအူပင်မြို့နယ်တွင် ပညာသင်ယူခဲ့သည်။ ၁၉၇၀ခုနှစ် မှ ၁၉၇၅ ခုနှစ် အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ B.Ed ဘွဲ့ရရှိခဲ့သည်။ သံဖြူဇရပ်မြို့နယ်၊ အ.ထ.ကကျုံကဒါက်ရွာတွင် အထက်တန်းပြအဖြစ် လည်းကောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ်လည်းကောင်း၊ အကြံပေး ပုဂ္ဂိုလ်(အခြေခံပညာ)၊ UNICEF(ရန်ကုန်)အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ယနေ့ထိ Project Manager (NGO) ကိုလုပ်ကိုင်လျက်ရှိသည်။ ပြည်သူများ အသိပညာ ဗဟုသုတရရှိရေးအတွက် စာဖတ်ခန်းဖွင့်လှစ်ခြင်းနှင့် ရပ်ကွက်နာရေးကူညီမှုအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ချို့တဲ့သည့် ပြည်သူများ၏ ဘဝမြင့်မားရေးအတွက် နိုင်ငံ၏အရင်းအမြစ် များကိုပြည်သူအတွက် အသုံးချရန် အပြည့်အဝဆန္ဒရှိသည်။