ဦးအောင်ကျော်ဦး (မိုင်းတုံ မဲဆန္ဒနယ်)

အမည်

ဦးအောင်ကျော်ဦး

အခြားအမည်

ကျော်ဦး

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မတန(နိုင်)၀၀၁၈၉၁

မွေးသက္ကရာဇ်/အသက်

၂၈-၁၀-၁၉၆၁/(၅၄)နှစ်

မွေးဖွားရာဇာတိ

ကလောမြို့

ပညာအရည်အချင်း

ဆယ်တန်းကျ

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွေးမောင်၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြသီ၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အီပိုး၊ ၁၃/မတန(နိုင်)၀၁၆၅၄၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မနန္ဒာဦး၊ ၁၃/မတန(နိုင်)၀၁၆၈၁၈

(၂) မအေးချမ်းခင်၊ ၁၃/မတန(နိုင်)၀၁၉၆၃၅၊ ကျောင်းဆရာမ

(၃) မောင်ပြည့်စုံမောင်၊ ၁၃/မတန(နိုင်)၀၂၅၂၉၄၊ ကျောင်းသား

(၄) မောင်မျိုးမြတ်စိုင်း၊ ၁၃/မတန(နိုင်)၀၂၈၂၂၉၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

နောင်ပါရင်ရပ်ကွက်၊ မိုင်းတုံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပါတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုင်းတုံမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို တပ်တွင်းမူလတန်းကျောင်း (ရပခ တောင်ကြီး) နှင့် အ.ထ.က(၁)တောင်ကြီး တို့တွင် ပညာသင်ကြားခဲ့ပါသည်။ ခလရ(၆၅) မိုင်းတုံတွင် စစ်မှုထမ်း(ငြိမ်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြစ်မှုအနေဖြင့် ခလရ(၆၅)တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း အမတ(၆၅)ဖြင့်ထောင်ကျခဲ့ပါသည်။

လူမှုရေးလုပ်ငန်းများအနေဖြင့် အ.ထ.က(မိုင်းတုံ) အကျိုးတော်ဆောင် အတွင်းရေးမှူး၊ မြို့နယ်စည်ပင်ကော်မတီဝင်၊ ရပ်ကွက် အထောက်အကူပြုကော်မတီဝင်၊ ကိုယ်ထူကိုယ်ထ ရေအားကော်မတီဝင်၊ နောင်ပါရင် ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင်အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။