ဒေါ်မာမာခိုင်( သထုံမဲဆန္ဒနယ်)

အမည်

ဒေါ်မာမာခိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ပအိုဝ်း+ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/သထန(နိုင်)၀၁၁၀၅၈ 

မွေးသက္ကရာဇ်/အသက်

၂၀-၄-၁၉၆၁/(၅၄)နှစ်

မွေးဖွားရာဇာတိ

သထုံမြို့

ပညာအရည်အချင်း

LL.B

လက်ရှိအလုပ်အကိုင်

တရားလွှတ်တော်ရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကောက်၊ BF- 016999၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မယံ၊ BF- 017000၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဉာဏ်ထွန်း၊ ၁၀/သထန(နိုင်)၀၅၈၅၇၇၊ကုန်သည်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)    မောင်ဝေယံထွန်း၊ ၁၀/သထန(နိုင်) ၂၁၆၃၈၀ ၊ Sale- man (Overtine)

(၂)    မဆုနိုဘယ်(လ်)ထွန်း၊ ၁၀/သထန(နိုင်) ၂၂၃၇၅၇၊ အထက်တန်းရှေ့နေ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၁၂)၊ အုန်းတောလမ်း၊ အောက်ကျင်းရပ်၊ သထုံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်ကအခြေခံပညာကို အ.မ.က၊ နတ်စင်ကုန်းတွင် မူလတန်းနှင့် အ.ထ.က(၂)၊ သထုံတွင် အလယ်တန်းနှင့် အထက်တန်းပညာတို့ကို သင်ယူခဲ့သည်။ မော်လမြိုင်အဝေးသင်တက္ကသိုလ်တွင် ဥပဒေအထူးပြုဘွဲ့ရရှိသည်။ 
        ၁၉၈၀ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ သထုံဆောက်လုပ်ရေးကော်ပိုရေးရှင်းတွင် လုပ်ငန်းပြဝန်ထမ်းအဖြစ်လည်းကောင်း၊ ၁၉၈၉ခုနှစ်တွင် အထက်တန်းရှေ့နေအဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ယနေ့ထိ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင် ခဲ့သည်။
    ရပ်ကွက်ကြက်ခြေနီအဖွဲ့၊ မြို့နယ်လမ်းစဉ်လူငယ်အဖွဲ့၊ ရပ်ကွက်သာရေး နာရေးလူမှုရေးလုပ်ငန်းများအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် သထုံမြို့နယ် NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် NLD ပါတီပြန်လည်ဖွဲ့စည်းပြီးနောက် မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ယနေ့ထိ သထုံမြို့နယ် NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်နယ်ဥပဒေအထောက်အကူပြု အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။