ဦးစိုင်းထွန်းစိန် (မိုင်းပျဉ်း မဲဆန္ဒနယ်)

အမည်

ဦးစိုင်းထွန်းစိန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မပတ(နိုင်)၀၀၁၀၆၇

မွေးသက္ကရာဇ်/အသက်

၁၅-၄-၁၉၆၁/(၅၄)နှစ်

မွေးဖွားရာဇာတိ

မိုင်းပျဉ်းမြို့၊ ရှမ်း/ရှေ့

ပညာအရည်အချင်း

B.A , B.Ed (Credit)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဖိုးမား (ကွယ်လွန်)၊ MPG-၀၀၀၀၇၂

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းခမ်းနွန်း (ကွယ်လွန်)၊ MPG-၀၀၀၀၇၃

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းခမ်းကွမ်၊ ၁၃/မပတ(နိုင်)၀၂၂၂၅၅၊ ဈေးရောင်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) စိုင်းစံပွင့်၊ ၁၃/မပတ(နိုင်)၀၂၃၆၉၄၊ စက်ပြင်

(၂) နန်းမွမ်းမွမ်းစိန်၊ ၁၃/မပတ(နိုင်)၀၃၆၈၆၀၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

(ဈ/၂၇)၊ အောင်မင်္ဂလာလမ်း၊ အောက်ဈေးတန်းရပ်၊ မိုင်းပျဉ်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုပါတီကော်မတီဝင်၊ မိုင်းပျဉ်းမြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုင်းပျဉ်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ.မ.က မိုင်းပျဉ်းမြို့၊ အ.လ.က မိုင်းပျဉ်းမြို့နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ရွာသစ်ကြီး၊ စစ်ကိုင်းမြို့တွင် ပညာသင်ကြားခဲ့ပါသည်။ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ လ/ထ မြို့နယ်ပညာရေးမှူး၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ် (ပညာရေးဌာန)တို့တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် မြို့နယ်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကိုယ်စားလှယ် (ညောင်နှစ်ပင်)အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအထိ မိုင်းပျဉ်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါ သည်။ ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရပါသည်။