ဦးလင်းဇော်ထွန်း (မိုင်းဖြတ် မဲဆန္ဒနယ်)

အမည်

ဦးလင်းဇော်ထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ပဇတ(နိုင်)၀၀၈၀၈၁

မွေးသက္ကရာဇ်/အသက်

၁၅-၆-၁၉၇၃/(၄၂)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့(စတသ)၊ ဥပဒေဒီပလိုမာဘွဲ့၊ MBA (ပထမနှစ်)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း(ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသန်းထွန်း၊ ၁၂/ပဇတ(နိုင်)၀၂၃၅၀၇ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်မြင့်နွယ်၊ ၁၂/ပဇတ(နိုင်)၀၂၃၁၆၅၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)၊ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သူဇာလှိုင်၊ ၁၂/အစန(နိုင်)၀၀၁၃၃၁၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မသီရိဆင့်၊ ၉/ဇယသ(နိုင်)၀၀၃၈၉၆၊ ကျောင်းသူ

(၂) မသီရိတင့်၊ ၉/ဇယသ(နိုင်)၀၁၃၂၅၇၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၅)၊ မြသဇင်လမ်း၊ (၅)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုင်းဖြတ်မဲဆန္ဒနယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အထက(၄)၊ ရန်ကုန်မြို့၊ သူငယ်တန်းမှ ဒသမတန်းအထိတက်ရောက်ခဲ့ပြီး စစ်တက္ကသိုလ်ကို ပြင်ဦးလွင်မြို့တွင် တက်ရောက်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရပြီး အမှတ် (၅၂၅) ခြေမြန်တပ်ရင်း၊ လင်းခေးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းမှ (၂၉-၁၁-၉၆)ရက်နေ့တွင် တိုက်ကြီးမြို့ရှိ အမှတ်(၇၀၈) ခြေမြန်တပ်ရင်းသို့လည်းကောင်း၊ (၅-၄-၉၇)ရက်နေ့တွင် မှော်ဘီမြို့ရှိ အမှတ်(၇၀၃) ခြေမြန်တပ်ရင်းသို့လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၇-၄-၉၉) ရက်နေ့တွင် ဗိုလ်ကြီးအဆင့် တိုးမြှင့်ခံရပြီး (၂၆-၅-၉၉) ရက်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ စစ်ဦးစီးမှူး (တတိယတန်း) (စစ်ဆင်ရေးနှင့်ထောက်လှမ်းရေး)အဖြစ် (၂၈-၁၀-၉၉) မှ (၂၄-၇-၀၃) ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး (၂၅-၇-၀၃) ရက်နေ့တွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရပြီး အမှတ်(၁၁) ခြေမြန်တပ်ရင်း၊ ရွှေဘိုမြို့တွင် ဌာနချုပ်တပ်ခွဲမှူး တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းမှ (၂၃-၉-၀၄) ရက်နေ့တွင် စစ်ဦးစီးမှူး(ဒုတိယတန်း) (ထောက်လှမ်းရေး) အဖြစ် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ပြီး (၉-၁၁-၀၄)ရက်နေ့တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (တြိဂံဒေသ တိုင်းစစ်ဌာနချုပ်)သို့ တပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၁၄-၅-၀၇) ရက်နေ့တွင် အမှတ် (၃၀၂) ခြေမြန်တပ်ရင်းသို့ ဒုတိယတပ်ရင်းမှူးအဆင့်ဖြင့် ပြောင်းရွှေ့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၂၀-၃-၁၀) ရက်နေ့တွင် အမှတ်(၁၃၆) ခြေလျင်တပ်ရင်းသို့ တပ်ရင်းမှူးအဖြစ် အဆင့်တိုးမြှင့်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ (၂၂-၄-၁၁) ရက်နေ့မှ (၁၅-၁၀-၁၄) ရက်နေ့အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် ကိုယ်ရံတော်(ဗိုလ်မှူးကြီး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၆-၁၀-၁၄ ရက်နေ့မှ (၉-၈-၁၅) ရက်နေ့အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဘက်လက်ထောက်အရာရှိ (ဗိုလ်မှူးကြီး) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ရရှိခဲ့သော ဆုတံဆိပ်များ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ချီးကျူး ဂုဏ်ပြု၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ ချီးကျူးဂုဏ်ပြု၊ ‌ ခြေလျင်တပ်ရင်းမှူး သင်တန်းတံဆိပ်တို့ကို ရရှိခဲ့ပါသည်။