|
အမည် |
ဦးအေးမြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ ဗုဒ္ဓဘာသာ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ဒဂန(နိုင်) ၀၁၀၈၆၈ |
|
မွေးသက္ကရာဇ်/အသက် |
၇-၁၁-၁၉၄၈/ (၆၂) နှစ် |
|
မွေးဖွားရာဇာတိ |
မော်လမြိုင်မြို့၊ မွန်ပြည်နယ် |
|
ပညာအရည်အချင်း |
B.E (Electrical Power), M.A (Defence Studies) |
|
လက်ရှိအလုပ်အကိုင် |
ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမောင်သန်း (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှတင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ဝင်းမြင့်၊ ၁၂/ဗဟန (နိုင်) ၀၃၉၅၉၈၊ ဌာနစုမှူး (ငြိမ်း)၊ သမဦးစီးဌာန |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ဇော်ဦးဟန်၊ ၁၂/ဗတထ(နိုင်) ၀၂၆၁၁၁၊ ကိုယ်ပိုင်လုပ်ငန်း၊ (၂) မောင်ဟန်ဇော်ထွန်း၊ ၁၂/ဒဂရ (နိုင်) ၀၀၆၃၉၂၊ ကိုယ်ပိုင်လုပ်ငန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
၇၅၊ မဟာဘောဂလမ်း၊ (၃၀) ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃကျွန်းမြို့နယ်၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မော်တင်လိန်းဂျပ်ဆင် အ.ထ.က၊ မော်လမြိုင်မြို့၊ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အ-ထ-က (၁) မော်လမြိုင်မြို့၊ ၁၉၆၅ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်စက်မှု တက္ကသိုလ်၊ ၁၉၇၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ School of Electrionics Engineering (UK) တို့တွင် ပညာသင်ကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှု အောက်တပ်များတွင် တပ်မတော် (ကြည်း) ပြန်တမ်းဝင် အရာရှိအဖြစ် ညွှန်ကြားရေးမှူး အဆင့်ထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့အထိ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ကင်းထောက် တပ်ဖွဲ့ဝင်၊ ကြက်ခြေနီအသင်းဝင်၊ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းဆောင် သာယာရေး ကော်မတီဝင်၊ လျှပ်စစ်နှင့် အင်ဂျင်နီယာဘာသာရပ်အသင်း အမှုဆောင်တို့ဖြစ်သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်းတံဆိပ်နှင့် ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ် (၁၉၇၉)၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်နှင့် မိုင်းယမ်း/မဲသဝေါ တိုက်ပွဲဝင် တံဆိပ် (၁၉၈၉)၊ နိုင်ငံ့အကျိုးဆောင် တံဆိပ်၊ တပ်မတော် ဂုဏ်ဆောင်တံဆိပ်နှင့် စစ်မှုထမ်းသက် တံဆိပ် (၁၉၉၀)၊ ရန်ငြိမ်းအေး တံဆိပ် (၁၉၉၅)၊ စစ်ပွဲတံဆိပ် (ဒု/တ) (၁၉၉၅)၊ စီမံထူးချွန်း (ဒုတိယအဆင့်) (၁၉၉၅)၊ စစ်မှုထမ်းကောင်းတံဆိပ် (၂၀၀၀)၊ စစ်ဦးစီးတက္ကသိုလ် သင်တန်း တံဆိပ် (၂၀၀၃)၊ မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟ တံဆိပ် (၂၀၀၉) တို့ကို ရရှိခဲ့သည်။ |
