|
အမည် |
ဒေါ်မိယဉ်ချမ်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
မွန်/ဗုဒ္ဓဘာသာ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၃/ကကရ(နိုင်)ဝ၆၉၈၃၇ |
|
မွေးသက္ကရာဇ်/အသက် |
၁-၁၀-၁၉၈၀/ (၃၀) နှစ် |
|
မွေးဖွားရာဇာတိ |
မင်းရွာကျေးရွာ၊ ကော့ကရိတ်မြိတ်နယ်၊ ကရင်ပြည်နယ် |
|
ပညာအရည်အချင်း |
A.G.T.I(MP), B.A(History) Ph.D (Thesis) |
|
လက်ရှိအလုပ်အကိုင် |
မှီခို |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးချန်တဲ၊ ၃/ကကရ (နိုင်) ၀၇၆၆၃၉၊ ရာဘာခြံလုပ်ငန်း |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်မြင့်၊ ၃/ကကရ (နိုင်) ၀၃၅၂၂၀၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
၄၉၅/၆၊ သုခဝတီတိုးချဲ့ရပ်၊ မျှော်လင့်လမ်း၊ မော်လမြိုင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရော မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မင်းရွာကျေးရွာ အလယ်တန်းကျောင်းတွင် ပဥ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ အထက်တန်းပညာကို ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ မော်လမြိုင်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ မော်လမြိုင်မြို့ စက်မှုသိပ္ပံ နည်းပညာကျောင်းတွင် စက်မှုစွမ်းအား ဘာသာရပ်ကို သင်ကြားခဲ့သည်။ ၂၀၀၀ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်တွင် သမိုင်းဘာသာအထူးပြုဖြင့် B.A (Q), M.A (Q) နှင့် M.Res;ဘွဲ့တို့ကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ယနေ့အထိ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းအထူးပြုဖြင့် Ph.D ကျမ်းပြုနေသူဖြစ်သည်။ မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် အလုပ်အမှုဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ |
