ဦးစိုင်းထွန်းအောင် (မိုင်းယောင်း မဲဆန္ဒနယ်)

အမည်

ဦးစိုင်းထွန်းအောင်

အခြားအမည်

ဦးကျောက်ခွန်ထိုင်း

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မယတ(နိုင်)၀၀၂၂၅၇

မွေးသက္ကရာဇ်/အသက်

၈.၆.၁၉၅၃/(၆၂)နှစ်

မွေးဖွားရာဇာတိ

မိုင်းယောင်းမြို့၊ အမှတ်(၃)ရပ်ကွက်

ပညာအရည်အချင်း

အလယ်တန်း

လက်ရှိအလုပ်အကိုင်

ခြံ/လယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစောလုံ၊ (ကွယ်လွန်)၊ ဓာတ်ပုံဆရာ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းလောင်၊ မမှတ်မိ၊ ဈေးရောင်း

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းခမ်းလျှန်း၊ မသိ၊ ခြံ/လယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) နန်းခင်ခမ်း၊ အလှပြင်ဆိုင်

(၂) စိုင်းခွန်မုန်း၊ မှီခို

(၃) နန်းခမ်းစမွတ်၊ မှီခို

(၄) နန်းခမ်းနွန်၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃)ရပ်ကွက်၊ မိုင်းယောင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုင်းယောင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မိုင်းယောင်းမြို့နယ် အစိုးရအလယ်တန်းကျောင်းတွင် သူငယ်တန်းမှ အလယ်တန်းအထိ ပညာသင်ကြားခဲ့ပါသည်။ သမဝါယမအသင်း တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ ရပ်ကွက်(၃)ရပ်ကွက်၊ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါသည်။