ဦးအူးရယ်(ဖရူဆို မဲဆန္ဒနယ်)

အမည်

ဦးအူးရယ်

အခြားအမည်

ဦးဦးရယ်

လူမျိုး/ဘာသာ

ကယား/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၂/ဖရဆ(နိုင်)၀၀၁၉၃၂

မွေးသက္ကရာဇ်/အသက်

၁၂-၇-၁၉၅၄ / (၅၆) နှစ်

မွေးဖွားရာဇာတိ

ညောင်စင်ရပ်ကွက်၊ ဖရူဆိုမြို့

ပညာအရည်အချင်း

စစ်ကိုင်းဖွံ့ဖြိုးရေးဆင်း (၆/၉၅)

လက်ရှိအလုပ်အကိုင်

ပြန်/ ဆက်၊ ရုပ်သံ-၃ (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကိုရယ် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိုးမို (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အာဆွန်ဆာ၊ ၂/ဖရဆ(နိုင်) ၀၀၁၉၃၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမော်မာဦး၊ ၂/ဖရဆ(နိုင်) ၀၀၀၁၃၇၊ သူနာပြု

(၂) မဘျားမာဦး၊ ၂/ဖရဆ(နိုင်) ၀၁၂၇၂၇၊ မှီခို

(၃) မသဲမာဦး၊ ၂/ဖရဆ(နိုင်) ၀၁၂၄၃၀၊ သူနာပြု

(၄) မစိုးမြာဦး၊ ၂/ဖရဆ(နိုင်) ၀၁၅၃၃၈၊ သားဖွား

(၅) မောင်ဌေးရယ်ဦး၊ ၂/ဖရဆ(နိုင်) ၀၁၆၃၉၉၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ညောင်စင်ရပ်၊ ဖရူဆိုမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖရူဆို မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၆၆ခုနှစ်တွင် စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် နဝမတန်း အောင်မြင်ခဲ့ပြီး ၁၉၇၁ခုနှစ်မှ ၁၉၇၅ခုနှစ်အထိ စစ်ကိုင်းမြို့ဖွံ့ဖြိုးရေး သိပ္ပံကျောင်းတွင် တက်ရောက်သင်ကြား ခဲ့သည်။ ၁၉၈၂မှ ၁၉၈၈ခုနှစ်အထိ မြို့နယ်ကောင်စီဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှ ယခုအထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ရုပ်သံအဆင့် - ၃ ဖြင့် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစား ယူခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ ဖရူဆိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းတွင် မြို့နယ်စည်းရုံးရေးမှူး ကော်မတီဝင်အဖြစ် ဆောင်ရွက်နေဆဲဖြစ်သည်။