|
အမည် |
ဒေါက်တာခင်စည်သူ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ကယား/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၂/လကန(နိုင်)၀၀၉၀၄၈ |
|
မွေးသက္ကရာဇ်/အသက် |
၂၄.၆.၁၉၄၇/(၆၈)နှစ် |
|
မွေးဖွားရာဇာတိ |
လွိုင်ကော်မြို့ |
|
ပညာအရည်အချင်း |
M.B.B.S (Rgn)၊D.Obst (Rgn)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန အဘိဓမ္မာစာမေးပွဲ (နှစ်ချင်းသုံးဆင့်လုံးအောင်) (၁၉၉၅ ခုနှစ်)၊ အဘိဓမ္မာ၊ ဂုဏ်ထူးအောင်(နှစ်ချင်းသုံးဆင့်လုံးအောင်)(၂၀၀၀ ခုနှစ်)၊ဝိသုဒ္ဓိမဂ်စာမေးပွဲ (နှစ်ချင်းသုံးဆင့်လုံးအောင်)(၂၀၀၂ ခုနှစ်) |
|
လက်ရှိအလုပ်အကိုင် |
ဆရာဝန် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစောသိန်း၊ ၂/လကန(နိုင်)၀၁၉၈၉၁၊(ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှစိန်၊ ၂/လကန(နိုင်)၀၁၃၃၄၃၊(ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစဝ်သန်းဝင်း၊ ၂/လကန(နိုင်)၀၀၇၈၂၈ကျောင်းဆရာ(ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) သားကြီး စဝ်ရွယ်ဖ၊ ၂/လကန(နိုင်) ၀၀၁၀၁၄၊ ကိုယ်ပိုင်လုပ်ငန်း (၂) သားလတ် ဒေါက်တာစဝ်ဟုန်ဖ၊ ၂/လကန(နိုင်)၀၀၁၀၁၅၊ တွဲဖက်ပါမောက္ခ၊ရန်ကုန်နည်းပညာတက္ကသိုလ် (၃) သမီး ဒေါ်စဝ်သုနန္ဒာ၊၂/လကန(နိုင်)၀၄၅၂၁၅၊ Program Support Assistant(Population Services International / Taunggyi) |
|
အမြဲတမ်းနေရပ်လိပ်စာ |
မင်း-၁၊ ကန္ဒရဝတီလမ်း၊ မင်းစုရပ်ကွက်၊လွိုင်ကော်မြို့၊ ကယားပြည်နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ဥက္ကဋ္ဌ၊ ကယားပြည်နယ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်ကော်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
သူငယ်တန်းမှ အထက်တန်းအထိ လွိုင်ကော်မြို့၊ St.Gerosa’s School တွင် ပညာသင်ကြားခဲ့ပြီး Matriculation class အောင်မြင်ခဲ့ပါသည်။ ၁၉၇၁ ခုနှစ် တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ M.B.B.S(Rgn)ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ် တွင် ရန်ကုန်ဆေးတက္ကသိုလ် (၂)မှ D.Obst.(Rgn)ကို လည်းကောင်း ရရှိခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေး ဝန်ကြီးဌာနမှ ကျင်းပသော အဘိဓမ္မာစာမေးပွဲကို နှစ်ချင်းသုံးဆင့်လုံးအောင်ဖြင့် ၁၉၉၅ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် ကယားပြည်နယ်လုံး(ပထမဆု)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို နှစ်ချင်းသုံးဆင့်အောင်ဖြင့် ၂၀၀၂ ခုနှစ်တွင် ကယားပြည်နယ်လုံး (ပထမဆု) ရရှိခဲ့ပါသည်။ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနှင့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပါသည်။ ပြည်သူ့ဆေးရုံကြီး (လွိုင်ကော်မြို့)တွင် လက်ထောက်ဆရာဝန်အဖြစ် လည်းကောင်း၊ အထူးကုလက်ထောက် ဆရာဝန်အဖြစ် လည်းကောင်း ထမ်းဆောင်ခဲ့ ပါသည်။ နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်မှုအဖြစ် ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ သောကြောင့် ၁၉၈၉ တွင် အလုပ်ဖြုတ် အငြိမ်းစားပေးခံ ခဲ့ရပါသည်။ လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုများအဖြစ် ဘဏ္ဍာရေးမှူး မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (ကယားပြည်နယ်)၊ အတွင်းရေးမှူး အားကစားဆပ် ကော်မတီ(ကယားပြည်နယ်)၊ အတွင်းရေးမှူး/အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဝန်များအသင်း (ကယားပြည်နယ်)နှင့် အတွင်းရေးမှူး ကြက်ခြေနီကော်မတီ (လွိုင်ကော်မြို့)တို့အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၉ နောက်ပိုင်း (အငြိမ်းစားရပြီးသည့် နောက်ပိုင်း)တွင် မိမိနေထိုင်သည့် ရပ်ကွက်တွင် အားကစား တာဝန်ခံအဖြစ် ပါဝင်ခြင်းနှင့် မဟာစည်ဝိမုတ္တိသုခကျောင်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြိုတွင် တရားစခန်းကာလအတွင်း မိမိဆေးဝါးဖြင့် ဆေးခန်းတွင် ကုသခြင်းနှင့် သံဃာတော် များ၊ သီလရှင်များ (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ)အား မိမိ၏ကိုယ်ပိုင် ဆေးခန်းတွင် အခမဲ့ဆေးဝါးကုသဒါနပြုခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သော နေရာများသို့ သွားရောက်ပံ့ပိုး ကူညီလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ |
