ဦးအေးမောင်( ဘောလခဲမဲဆန္ဒနယ်)

အမည်

ဦးအေးမောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ကယန်း+ယင်းတလဲ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၂/ဘလခ(နိုင်)၀၀၀၄၁၆

မွေးသက္ကရာဇ်/အသက်

၂၂-၄-၁၉၇၁/(၄၄)နှစ်

မွေးဖွားရာဇာတိ

ကယားပိုင်းရပ်ကွက်၊ဘောလခဲမြို့နယ်၊ကယားပြည်နယ်

ပညာအရည်အချင်း

ဝိဇ္ဇာ၊တတိယနှစ်(သမိုင်း)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလခုံး၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မော်မိန်း၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်စန်းဝင်း၊၂/ဘလခ(နိုင်)၀၀၃၄၄၃၊တောင်ယာ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မနန္ဒာဝင်း၊ (၇)နှစ်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်-၆၁၊ကယားပိုင်းရပ်ကွက်၊ ဘောလခဲမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘောလခဲမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ကယားပြည်နယ်၊ ဘောလခဲမြို့၊ အ.မ.က(၁) ကယားပိုင်း နှင့် အ.ထ.က(ဘောလခဲ)တို့တွင် သင်ယူခဲ့သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် လွိုင်ကော် အဝေးသင်တက္ကသိုလ်တို့တွင် သမိုင်းဘာသာရပ်ကို တတိယနှစ်အထိ သင်ယူခဲ့ပါသည်။ အ.မ.က(ဝမ်လွဲ)၊ ဝမ်ဟော်နှင့် အ.မ.က(၁)တို့တွင် မူလတန်းပြဆရာအဖြစ် လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဒုတိယလက်ထောက် တိမွေးကုအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် မြို့နယ်အတွင်းရေးမှူး၊ ခရိုင်အတွင်းရေးမှူးများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။