ဦးစိန်ဗိုလ်( မြဝတီမဲဆန္ဒနယ်)

အမည်

ဦးစိန်ဗိုလ်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၃/မဝတ(နိုင်)၀၀၁၄၈၁

မွေးသက္ကရာဇ်/အသက်

၁၅-၃-၁၉၄၇/(၆၈)နှစ်

မွေးဖွားရာဇာတိ

ရေဦးကုန်းရွာ၊ တန့်ဆည်မြို့နယ်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

B.V.S

လက်ရှိအလုပ်အကိုင်

တည်းခိုခန်းလုပ်ငန်း၊ “စိန်”ရတနာရွှေဆိုင်(မိသားစု)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘိုးသန့်၊ TZE ၀၂၀၀၁၀၊တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ချစ်မယ်၊ TZE ၀၂၀၀၁၁၊တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သောင်းရင်၊ ၃/မဝတ(နိုင်)၀၀၁၁၄၀၊အငြိမ်းစား

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမင်းမင်းဆန်း၊ ၃/မဝတ(နိုင်)၀၀၇၁၉၅၊ ဈေးရောင်း

(၂) ကိုအောင်ကျော်ထူး၊ ၃/မဝတ(နိုင်)၀၀၈၁၉၄၊ဈေးရောင်း

(၃) မမြတ်မြတ်ထွေး၊ ၃/မဝတ(နိုင်)၀၂၀၁၁၁၊ ဈေးရောင်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(ဂ/၂၈)၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁)ရပ်ကွက်၊ မြဝတီမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဗဟိုကော်မတီဝင်၊ ဥက္ကဋ္ဌ(မြဝတီခရိုင်)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊မြဝတီမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၅၉ ခုနှစ်၊ ရေဦးကုန်းရွာ မူလတန်းကျောင်းမှ မူလတန်းအောင်မြင်ခဲ့ပြီး ၁၉၆၉ ခုနှစ်၊ ကန့်ဘလူ အ.ထ.ကမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါသည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ တိ/မွေးကုတက္ကသိုလ်(ရန်ကုန်)မှ B.V.S ဘွဲ့ရခဲ့ပါသည်။ ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ မြစ်ကြီးနားမြို့ စာတိုက်/ ကြေးနန်းတွင် ကြေးနန်းဆက်စာရေး (ယာယီ)၊ ၁၉၆၇ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ လက်ထွန်စက်ပြင်၊ စက်မှုလယ်ယာ၊ မြစ်ကြီးနား၊ ၁၉၇၀-၁၉၇၁ ခုနှစ်နွေရာသီကျောင်းပိတ်ရက်တွင် “အ” သုံးလုံးလုပ်အားပေး၊ ၁၉၇၆ ခုနှစ်တွင် လုပ်အားပေး ကျောင်းဆရာ၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြဝတီ (၁) ရပ်ကွက် သ/မ အသင်းလုပ်ငန်းစိစစ်ရေးတွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြဝတီကိုယ်ထူကိုယ်ထမူကြိုကျောင်း ကြီးကြပ်ရေးတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အဖွဲ့ဝင် ဖြစ်လာသည်။ မြဝတီမြို့နယ်စည်းရုံးရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင်၊ ၁၉၉၀ ခုနှစ်တွင် မြဝတီမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၂၀၀၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ မြို့နယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်စည်းရုံးရေး အဖွဲ့ဝင်၊ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဗဟိုကော်မတီဝင်၊ ၂၀၁၃ ခုနှစ်မှ ယနေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မြဝတီခရိုင် အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက် ခဲ့သည်။