ဒေါ်နန်းသန်းသန်းလွင်(ဘားအံ မဲဆန္ဒနယ်)

အမည်

ဒေါ်နန်းသန်းသန်းလွင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ကရင်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၃/ဘအန(နိုင်)၀၁၃၈၃၁

မွေးသက္ကရာဇ်/အသက်

၁-၁၀-၁၉၅၃/(၆၂)နှစ်

မွေးဖွားရာဇာတိ

ဘားအံမြို့

ပညာအရည်အချင်း

LL.B ဥပဒေဘွဲ့

လက်ရှိအလုပ်အကိုင်

အငြိမ်းစား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမူးလွင်၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးကြိုင်၊ BN-000900၊မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစောအဲသာဖိုး ၊ ၃/ဘအန(နိုင်)၁၄၈၈၄၀၊(ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) စောပါတလာထော၊ ၃/ဘအန(နိုင်) ၁၉၉၈၀၆၊ ဂီတမှူး

(၂) စောကုံလျဖိုး၊ ၃/ဘအန(နိုင်)၁၉၈၇၅၄၊ သွားဘက်ဆိုင်ရာ ဆရာဝန်

(၃) စောပါလဝီးဆို၊၃/ဘအန(နိုင်)၂၂၅၅၆၀ ကျောင်းသား

(၄) နန်းယာထငြားကြူ၊ ၃/ဘအန(နိုင်)၂၂၅၇၂၅၊ အထက်တန်းရှေ့နေ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄/၃၇၈)၊ သုခလမ်း၊ အမှတ်(၄) ရပ်ကွက်၊ဘားအံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘားအံမြို့နယ်

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာမူလတန်းကို ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ စခန်း မူလတန်း ကျောင်းဘားအံမြို့၌လည်းကောင်း၊ အလယ်တန်းပညာကို ၁၉၆၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ အမှတ်(၁) အ.ထ.က ဘားအံမြို့တွင်လည်းကောင်း၊ အခြေခံပညာ အထက်တန်းကို ပြင်ပဖြေဆိုဖြင့် ၁၉၇၅ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ဘားအံမြို့တွင် လည်းကောင်း၊ ၁၉၈၀ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ တက္ကသိုလ်စာပေးစာယူသင်တန်း ကို မော်လမြိုင်မြို့တွင် တက်ရောက်ခဲ့ပြီး ၅-၃-၁၉၉၀ ခုနှစ်တွင် ဥပဒေ (LL.B) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ဘားအံမြို့၊ မြို့နယ်သမဝါယမဦးစီးတွင် စာရေးအဖြစ် လည်းကောင်း၊ ၁၉၇၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဘားအံ/ လှိုင်းဘွဲ့၊ ပြန်/ ဆက်ဦးစီးဌာနတွင် ဒုဦးစီးမှူးအဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ် အထိ ဘားအံတွင် အထက်တန်းရှေ့နေအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဘားအံမြို့ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ Save the Children(ဘားအံ)၊ Project officer အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဘားအံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၂၀၁၀-၂၀၁၄ ခုနှစ် ကရင်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီတွင် အဖွဲ့ဝင်၊ ၂၀၁၂ - ၂၀၁၄ ခုနှစ် ကရင်ပြည်နယ်လွှတ်တော်၊ ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး (၂၅-၄-၂၀၁၅) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုခံရသည်။